Digital Signature ဖြင့် Organization တွေအတွက် အသုံးပြုရမယ့် ကုန်ကျစရိတ်ကို လျှော့လိုက်ပါ

COVID-19 virus ပိုး ပျံ့နှံ့မှုက လူ့ အဖွဲ့အစည်း တွေကနေ ပျောက်ကွယ် သွားခြင်းမျိုး မရှိသေးတဲ့ အခြေအနေမှာ organizations တွေ အနေနဲ့ virus ရဲ့ သက်ရောက်မှု ကို ရင်ဆိုင်ဖို့ လိုက်လျော ညီထွေ ဖြစ်အောင် ဆောင်ရွက်ဖို့ လိုပါတယ်။ Customers တွေ ငွေသုံးစွဲမှု နည်းလာ ခြင်းကြောင့် တိုက်ရိုက် ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ အဖွဲ့အစည်းတွေရဲ့ ဝင်ငွေဟာ ယခင်ကထက် ပိုနည်းလာပြီး အသုံးစရိတ်ကိုလဲ လျှော့ချဖို့ လိုပါတယ်။Organizations အတွင်း ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုရှိလာလျှင် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ ဆီကို ပျံ့နှံ့ သွားစေနိုင်တာကြောင့် ဒီလို အချိန်မှာ အဖွဲ့အစည်း တွေကို ဆုံးရှုံး စေနိုင်ပြီး လုပ်ငန်း လည်ပတ်မှုကို လုံးဝရပ်တန့် သွားစေနိုင်ပါတယ်။

သာမန် အလုပ်တစ်ခုလိုပဲ လုပ်ဆောင်ရမယ့် အလုပ် နည်းလမ်း အသစ် တစ်ခု

New Normal Lifestyle ကို အဖွဲ့အစည်းအတွင်း အသုံးပြုခြင်းအားဖြင့်နှင့် အလုပ်လုပ်ဖို့နည်းလမ်း အသစ် တစ်ခုကို ရရှိစေပါတယ်။ နည်းပညာ အကူအညီနဲ့ အွန်လိုင်း အစည်းအဝေး တွေကို အသုံးပြုဖို့ ပြောင်းလဲတာမျိုး ဖြစ်ဖြစ် ဝန်ထမ်းတွေကို ထိရောက်တဲ့ နည်းလမ်းဖြင့် အိမ်မှ အလုပ် လုပ်နိုင်စေဖို့ နှင့် ယခင် ပုံစံအတိုင်း ရုံးမှာ အလုပ်လုပ်နေမယ့် အစား organization တွေမှာ အသုံးပြုဖို့ digital signature နည်းပညာရှိပါတယ်။

Digital Signature က security နှင့် Authentication တွေ အတွက် encrypted လုပ်ထားတဲ့ electronic signature တစ်ခုပဲ ဖြစ်ပါတယ် ။ Digital Signature ဖြင့် လက်မှတ် ထိုးရာတွင် စစ်မှန်ကြောင်း အထောက်အထား ပြခြင်း ၊ data transmissio ရဲ့ security ကို ပေါ်လွင် စေပါတယ်။ ၎င်းဟာ organization ၏ ကုန်ကျစရိတ်ကို များစွာ လျှော့ချဖို့လည်း ကူညီပေးပါတယ်။

Digital Signature ဖြင့် Organizations တွေရဲ့  ကုန်ကျစရိတ်များ လျှော့ချနိုင်သည့် အားသာချက်မျာ

စာရွက်အသုံးပြုမှုကို လျှော့ချခြင်းဖြင့် organization တွေရဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ပါတယ်။ Digital Signature များကို electronic system မှာ လုပ်ဆောင်နိုင်တာကြောင့် electronic documents တွေရဲ့ အားသာချက်တွေတစ်ခုက အမှားအယွင်း ရှိတဲ့အခါ ကုန်ကျစရိတ် ထပ်ကုန်စရာ မလိုပဲ စာရွက်စာတမ်းကို ပြန်လည်ပြုပြင်နိုင်ပါတယ်။
စာရွက်စာတမ်းတွေရဲ့ ပေးပို့ရတဲ့ ကြာချိန်ကို လျှော့ချ နိုင်ပါတယ်။ Digital Signature က အင်တာနက် မှတဆင့် အချက်အလက်တွေကို ပေးပို့တာ ဖြစ်သောကြောင့်၊ ပေးပို့သူ ( သို့မဟုတ် ) လက်ခံသူက ဘယ်နေရာမှာမဆို အလုပ်လုပ် လုပ်ဆောင်နိုင် ပါတယ်။ အလုပ်ကို သွားပြီး လက်မှတ် ထိုးဖို့ မလိုအပ်တဲ့အတွက် အချိန်ကုန်သက်သာစေပါတယ်။
စာရွက်စာတမ်းတွေ ခိုးယူခြင်း နှင့် အတုအပပြုလုပ်ခြင်းကနေ ကာကွယ်နိုင်ပြီး security ကို တိုးမြှင့်ထားပါတယ်။ များကို encrypt လုပ်ပြီး လက်မှတ်ထိုးဖို့ Digital Certificate ( သို့မဟုတ်) “Electronic Certificate” တို့ကို လိုအပ် ပါတယ်။
စာရွက်စာတန်းလိုအပ်တဲ့အခါ ရှာဖွေရချိန်နှင့် စာရွက် file ထားစရာနေရာအတွက် ကုန်ကျ စရိတ်တွေကို လျှော့ချနိုင်ပါတယ်။ Digital Signature က စာရွက်စာတမ်း အမျိုးမျိုးကို သိမ်းဆည်းဖို့ Database တစ်ခု ရှိတာကြောင့် လိုချင်တဲ့ အချိန်တိုင်း ရှာဖွေ လိုပါက ၎င်းကို အလွယ်တကူ ရှာနိုင်ပြီး paper documents ထက်စာရင် သိမ်းဆည်းဖို့လဲ အတွက် နေရာ တွေကိုလည်း လျှော့ချ ပေးပါတယ်။
စာရွက်စာတမ်းကို လက်မှတ် ရေးထိုးသူက ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း စိစစ်နိုင် ပါတယ်။ Digital Signature လက်မှတ် ထိုးသူ၏ အထောက်အထားကို ဖော်ပြတဲ့ Digital Certificate တစ်ခု ပါရှိပါတယ်။

အထက် ဖော်ပြပါ Digital Signature ၏ အကျိုးကျေးဇူးများတွေဟာ Covid-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ အလုပ်ရဲ့ လိုအပ်ချက်တွေ အတွက် ဖြည့်ဆည်း ပေးနိုင်တာတွေကို တွေ့မြင်နိုင်ပါတယ်။ ဒီနည်းပညာ၏ စွမ်းဆောင်နိုင်မှု နှင့်အတူ အနာဂတ်မှာ organizations တွေဟာ အဖွဲ့အစည်းကို ရှေ့ကိုတိုးပြီး လျှောက်လှမ်းဖို့ Digital Signature ကို အချက်အချာကျတဲ့ အရာ တစ်ခု အဖြစ် လက်ခံ ကျင့်သုံးတာကို မြင်တွေ့ နိုင်တော့မှာပဲ ဖြစ်ပါတယ်။

Thetys Co.,Ltd website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။