GlobalSign မှာ ရရှိတဲ့ Internet Connection တွေကို လုံခြုံမှုရှိစေတဲ့ Services တစ်မျိုး

ဒေတာကို ကာကွယ်ဖို့ ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသမျှ ၊ HTTPS ၊ SSL ၊ နှင့် TLS တို့က ဒေတာ ပို့ဆောင်နေစဉ်အတွင်း man-in-the-middle attacks တွေမှ သတင်းအချက်အလက်တွေကို လုံခြုံစေဖို့ အသုံးပြုတဲ့ ဆိုက်ဘာ လုံခြုံရေးနည်းပညာ(cybersecurity techniques ) တွေနှင့် သက်ဆိုင်ပါတယ်။

SSL က အင်တာနက်ပေါ်ရှိ အချက်အလက်တွေကို ကာကွယ်ဖို့ အတွက် ကုဒ်ဝှက်မှု အခြေခံတဲ့ လုံခြုံသော ပရိုတိုကော (encryption-based secure protocol ) တစ်ခု ပဲ ဖြစ်ပါတယ်။ အကူးအပြောင်းရှိတဲ့ ဒေတာတွေ အတွက် ဒေတာခိုင်မာမှု (data integrity ) နှင့် privacy တို့ကို သေချာစေဖို့ ၎င်းကို တီထွင်ထားတာပဲ ဖြစ်ပါတယ် ။ ၎င်းကို 1995 ခုနှစ်မှာ စတင် တီထွင်ခဲ့ပြီး 2015 ခုနှစ်မှာ အခြား ဗားရှင်းကို ထုတ်ဝေခဲ့ပါတယ်။

တစ်ချိန်တည်းမှာ TLS (သို့မဟုတ်) Transport Layer Security က SSL ရဲ့ ဆက်ခံသူ (successor ) ပဲ ဖြစ်ပါတယ် ။ TLS က လုံခြုံရေးပေးဆောင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ cryptographic protocol တစ်ခုဖြစ်ပါတယ် ။ ၎င်းကို ပိုမို အဆင့်မြင့်တဲ့ ကုဒ်ဝှက် နည်းပညာ (encryption techniques )တွေကို အသုံးပြု၍ SSL ရဲ့ ပိုမိုကောင်းမွန်တဲ့ ဗားရှင်းအဖြစ် ရှုမြင်ရမှာပဲ ဖြစ်ပါတယ်။

Networks တွေကို လုံခြုံစေဖို့ အတွက် SSL နှင့် TLS နှစ်မျိုးလုံးကို အသုံးပြုနိုင်ပါတယ် ။ ၎င်းတို့က HTTP ရဲ့ ကုဒ်ဝှက်ခြင်း ပရိုတိုကော နှစ်ခုလုံးဖြစ်သည်။

Hypertext Transfer Protocol (HTTP) က ယေဘူယျအားဖြင့် အင်တာနက်ရှိ web servers တွေနှင့် ချိတ်ဆက်ဖို့ အသုံးပြုတဲ့ communication protocol ပဲ ဖြစ်ပါတယ် ။ SSL (သို့မဟုတ်) TLS ကို အသုံးပြုခြင်းဖြင့် HTTP က ကုဒ်ဝှက်ထားကာ ၎င်းကို Hypertext Transfer Protocol Secure (HTTPS) ဟု ခေါ်ပါတယ် ။ ပူးတွဲပါကုဒ်ဝှက်ခြင်းတွမှာ ကာကွယ်ပေးတဲ့ layer တစ်ခု ထပ်ပေါင်းပြီး လုံခြုံတဲ့ connection ကို ထူထောင်ပေးပါတယ်။

SSL certificates

ဒေတာခိုင်မာမှု (data integrity) နှင့် privacy ရဲ့ အရေးပါမှုကို ယနေ့ခေတ် ဝေးလံခေါင်သီတဲ့ ပတ်ဝန်းကျင်မှာ မီးမောင်း ထိုးပြထားပါတယ် ။ လုံခြုံတဲ့ connections ချိတ်ဆက်မှုတွေ အဆင်ပြေ ချောမွေ့စေရန် ၊ SSL လက်မှတ်ကို အသုံးပြုသင့်ပါတယ် ။ SSL certificates တွေက website တစ်ခုရဲ့ အထောက်အထားကို စစ်မှန်ကြောင်း နှင့် ကုဒ်ဝှက်ထားတဲ့ connection ချိတ်ဆက်မှုကို ဖွင့်ဖို့ အတွက် အသုံးပြုတဲ့ digital certificates တွေပဲ ဖြစ်ပါတယ်။ ၎င်းက အဖွဲ့အစည်းတွေ အတွက် သက်ဆိုင်ပါတယ်။ SSL certificates တွေက အဖွဲ့အစည်းကို ကာကွယ်ဖို့ သာမက အလယ်အလတ် တိုက်ခိုက်မှု(man-in-the-middle attacks)တွေကို ကာကွယ်ခြင်းဖြင့် ၎င်းတို့ရဲ့ customers တွေအထိပါ အသုံးပြုနိုင်ပါတယ်။ SSL certificates တွေကို အသုံးပြု၍ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ (personal dat ) နှင့် ငွေကြေး အသေးစိတ် အချက်အလက်တွေ ကဲ့သို့ သုံးစွဲသူ အချက်အလက်(Customer information ) များကို လုံခြုံပြီး သီးသန့် ထားနိုင်ပါတယ်။

SSL certificates တွေ ဒေတာကို ကုဒ်ဝှက်ထားပြီး ရည်ရွယ်လက်ခံသူမှ လွဲ၍ အခြား ပါတီများက ဖတ်ဖို့ မဖြစ်နိုင်ကြောင်း သေချာစေပါတယ် ။ process မှာ SSL handshake က connection ကို လုံခြုံစေပါတယ်။

စျေးကွက်မှာ SSL ရောင်းချသူ အများအပြား ရှိသော်လည်း GlobalSign က ယုံကြည်ရဆုံး ဝန်ဆောင်မှု ပေးသူတွေထဲမှ တစ်ခုဖြစ်ပါတယ် ။ GlobalSign က organization တိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ ကွဲပြားသော တရားဝင်မှု အဆင့်တွေမှာ SSL certificates တွေကို ထုတ်ပေးပါတယ်။

Reference: GlobalSign

Thetys Co.,Ltd  website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။