HCI (human computer Interaction) ဆိုတာ ဘယ်လိုမျိုးလဲ ?

HCI, human computer Interaction ဆိုတာ ဘာလဲ။ HCI သည် လူသားနှင့် Computer ကြား ထိတွေ့မှု၊ တစ်နည်းအားဖြင့် လူသား နှင့် Computer ကြား အပြန်အလှန် နားလည်းမှုဟု အဓိပ္ပါယ် ဖွင့်ဆိုသည်။ HCI တွင် သူ၏ အမည် အတိုင်း human အသုံးပြုသူ၊ computerနှင့် interaction အပြန်အလှန်ဆက်သွယ်မှု ဟူ၍ ၃ပိုင်း ပါဝင်သည်။

HCI photo

Human: အသုံးပြုသူသည် လူတစ်ဦး သို့မဟုတ် လူ အစုအဝေး ဖြစ်နိုင်သည်။ အမြင်အာရုံ ကွယ်ပျောက်နေသူ ၊ အကြားအာရုံ ချို့တဲ့နေသူ သို့မဟုတ် နှစ်ခုလုံး ချို့တဲ့နေသူ လည်း ဖြစ်နိုင်သည်။ လူတစ်ဦး၏ စိတ်အခြေအနေ ၊ သူ၏ ဗဟုသုသ ၊ ဘာသာရေး အပေါ် အခြေခံ၍ အသုံးပြုလိုသော computer အပေါ် အပြန်အလှန် နားလည်နိုင်မှု စွမ်းအား လျော့ကျခြင်းများ ရှိန်ုင်သည်။

Computer: ဤနေရာတွင် computer ဟူသော ဝေါ်ဟာရသည် laptop ၊ desktop ၊ mobile smart phone  မှစ၍ ၎င်းတို့နှင့် အသုံးပြုသော website, software အလုံးစုံ ပါဝင်သည်။

Interaction: computer နှင့် user ကြား အပြန်အလှန် ဆက်သွယ်ရာတွင် နားမလည်မှုများစွာ ရှိနိုင်သည်။ HCI သည် ထိုနားမလည်မှုများကို အဆင်ပြေနိုင်စေရန် user နှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးရသည်။  ဥပမာ- color blind ဖြစ်နေသော လူတစ်ဦးအား သူမြင်နိုင်သော အရောင်များနှင့်သာ ထည့်သွင်း ပြုလုပ်ပေးထားခြင်း ၊ အမြင်အာရုံချို့တဲ့နေသူ အတွက် voice command function ထည့်သွင်းပေးထားခြင်း တို့ဖြင့် ဖြေရှင်းနိုင်သည်။ ဤသည်မှာ PM project manager နှင့် AM application manager ၏ တာဝန် တစ်ရပ် ဖြစ်သည်။ real world project များတွင် schedule ၊ budget စသည်များကိုပါ customer လက်ခံနိုင်သည့် အနေအထား နှင့် အသုံးပြုနိုင်သော software တစ်ခုရောက်သည် အထိ ညှိနှိုင်း ပေးရသည်။

HCIသည် အရေးပါလှသည့် အလျောက် IT နှင့်ပတ်သက်သည့် ကျောင်းများတွင် ဘာသာရပ် တစ်ခု အနေနှင့် သင်ကြားလျက် ရှိသည်။ HCI အား ဘာသာရပ် တစ်ခု အနေနှင့် သင်ကြားရသည့် ရည်ရွယ်ချက်မှာ user သည် technology များအား မည်သို့ အသုံးပြုသည် ၊ မှန်ကန်သည့် developing tools ၊ technique များအား အသုံးပြုနိုင်ရန်၊ လွယ်ကူ၍ အကျိုးသက်ရောက်မှု ရှိသည့် software သို့ website တစ်ခု ပြုလုပ်နိုင်စေရန် ဖြစ်သည်။

Usability

Usability အသုံးပြုမှုသည် HCI ၏ အဓိကကျသော အချက်တစ်ခု ဖြစ်သည်။ usability တွင်

  • သင်ယူရန် လွယ်ကူခြင်း
  • အသုံးပြုနည်းအား မှတ်မိရန် လွယ်ကူခြင်း
  • အသုံးပြုရန် လွယ်ကူခြင်း
  • အသုံးပြုရ အဆင်ပြေခြင်း
  • ဘေးကင်းစွာ အသုံးပြုနိုင်ခြင်း
  • အသုံးပြုချိန်တွင် စိတ်ကျေနပ်မှု ရှိခြင်း

စသည်ဖြင့် အခြေခံ အချက် ၆ ချက် ပါဝင်သည်။

ဘာကြာင့် usability က အရေးကြီးတာလဲ။

အချို့သော project တွေမှာ usability ကို ကောင်းမွန်စွာ အသုံးမချနိုင်တဲ့ အခါမှာ user ၏ စိတ်ကျေနပ်မှု မရှိခြင်း၊ အချိန်တွေ အလဟဿ ကုန်ဆုံးသွားရခြင်း ၊ အမှားများမှားလာခြင်းတို့ ဖြစ်ပေါ်စေသည်။

HCI တွင် ပါဝင်သော အချက်များ

အဖွဲ့အစည်းနှင့် သက်ဆိုင်သော အချက်များ – မည်သည့် အဖွဲ့အစည်းအတွက် ပြုလုပ်ထားခြင်း၊ ဥပမာ- training အတွက်၊ နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ထားခြင်း။

ပတ်ဝန်းကျင်နှင့် သက်ဆိုင်သော အချက်မှား – အသုံးပြုသူ ပတ်ဝန်းကျင်တွင် ဆူညံခြင်း ၊ အလင်းအမှောင် ၊ လေဝင်လေထွက် ကောင်းမကောင်း စစ်ဆေးခြင်း။

အသုံးပြုသူအသုံးပြုသူ၏ အသူံးပြုမည့် Application အပေါ် နားလည်နိုင်ခြင်း၊ မည်မျှထိ အသုံးပြုနိုင်ခြင်း။

ကန့်သတ်ချက်များ project တစ်ခုအား လုပ်ဆောင်ရာတွင် ပေးအပ်ထားသော ငွေပမာဏ ၊ ကုန်ကျငွေ၊ အသုံးပြုရသည့် equipment များ တို့အပေါ် ချိန်ဆရခြင်း။

ဤသည်တို့သည် HCI ၏ အရေးပါသော အချက်များ ဖြစ်သည်။

Thetys Co.,Ltd  website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။