Internet Connection တွေမှာ Port 443 ကို ဘာအတွက် အသုံးပြု တာလဲ ?

အင်တာနက်ပေါ်မှာ အမျိုးမျိုးသော ရည်ရွယ်ချက်တွေ အတွက် အသုံးပြုတဲ့ ports ဟာ မတူညီတဲ့ အမျိုးမျိုးသော လုပ်ဆောင်ချက် တွေကို ဆောင်ရွက် ပေးပါတယ်။ Port 443 က HTTPS အတွက် SSL လုပ်ဆောင်ချက် ( SSL function ) ဖြစ်ပြီး ၊ web pages တွေကို ကုဒ်ဝှက်ခြင်း နည်းပညာတွေ( encryption techniques ) မှတဆင့် လုံခြုံစွာ ပို့လွှတ်ဖို့ အသုံးပြုတာပဲ ဖြစ်ပါတယ် ။ port 443 မှတဆင့် ဖြတ်သန်းသွားတဲ့ အချက်အလက် တွေကို SSL/TLS နည်းပညာ( SSL/TLS technology )ဖြင့် ကုဒ်ဝှက် ပေးထားတာပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ချိတ်ဆက်မှု connection က လုံခြုံမှု ရှိစေမှာ ဖြစ်ပြီး အချက်အလက် တွေကို ဖြတ်သန်း နေစဉ်မှာ လုံခြုံစွာ သိမ်းဆည်း ထားတာပဲ ဖြစ်ပါတယ်။

SSL Connection Port

SSL connection port ဟာ connection ချိတ်ဆက်မှု လုံခြုံမှု ရှိ/မရှိကို ဆုံးဖြတ် ပေးပါတယ်။ ကုဒ်မထားတဲ့ HTTP ဝဘ်လမ်းကြောင်း (HTTP web traffic) အားလုံးကို Port 80 က ကိုင်တွယ် ဖြေရှင်း သော်လည်း ၊ Port 443 ကို UDP နှင့် TCP ကဲ့သို့ layer protocols တွေ လွှဲပြောင်းခြင်း အတွက် အဆုံးမှတ် (endpoint) တစ်ခု အဖြစ် အသုံးပြု ပါတယ်။

SSL UDP or TCP

Transmission Control Protocol (TCP) နှင့် User Datagram Protocol (UDP) တွေက networks တွေ တစ်လျှောက် ဒေတာ ပေးပို့ဖို့ အသုံးပြု နိုင်တဲ့ communication protocols တွေပဲ ဖြစ်ပါတယ်။ ဒီ protocols နှစ်ခုကို မသတ်မှတ်မီ၊ internet protocol (IP) ဆိုတာက ဘယ်လိုလဲ ဆိုတာကိုကို ဦးစွာ လေ့လာကြည့်ရအောင်…

IP က network protocol တစ်ခု ဖြစ်ပြီးတော့ ဒေတာ ပေးပို့သူ ( data sender ) မှ network တစ်ခု မှတစ်ဆင့် ရည်ရွယ်တဲ့ လက်ခံသူ ထံသို့ ဒေတာ ပေးပို့ပုံအား ညွှန်ကြားတဲ့ စည်းမျဉ်းအစုံ(set of rules) တစ်ခုပဲ ဖြစ်ပါတယ် ။ ၎င်းက systems တွေ ကြားထဲမှာ ဒေတာ ဖလှယ်နည်းကို လမ်းညွှန် ပေးတဲ့ open systems interconnection (OSI) model ရဲ့ layers ခုနစ်ခု အနက်မှ တစ်ခုပဲ ဖြစ်ပါတယ် ။ layers ခုနစ်ခု ဆိုတာက ဘာတွေလဲ အောက်မှာ ဖော်ပြ ပေးထားပါတယ်။

  1. Physical layer
  2. Data link layer
  3. Network layer
  4. Transport layer
  5. Session layer
  6. Presentation layer
  7. Application layer

TCP က connection-oriented data communication method တစ်ခုပဲ ဖြစ်ပါတယ် ။ ၎င်းဟာ လက်ခံသူတိုင်းက ပေးပို့ပြီးသော ဒေတာ အားလုံးကို လက်ခံ ရရှိပြီး ၎င်းတို့ရဲ့ ရည်ရွယ်ထားတဲ့ order ဖြင့် လက်ခံ ရရှိကြောင်း သေသေချာချာ အမှားအယွင်း မရှိ ထုတ်လွှင့်မှု နည်းလမ်း (error-free method) ဖြစ်စေဖို့ ရည်ရွယ်၍ OSI model ရဲ့ transport layer တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ် ။

၎င်းက flags SYN (synchronize) ၊ SYN-ACK (synchronize-acknowledgement) နှင့် ACK (acknowledgement) တို့ နှင့်အတူ စတင်တဲ့ three-way handshake process အတိုင်း လုပ်ဆောင်ပါတယ်။ ယုံကြည် စိတ်ချရပြီး လုံခြုံတဲ့ ချိတ်ဆက်မှု connection တစ်ခုကို ပြုလုပ် ထားကြောင်း သေချာစေဖို့ flags တွေကို အဖွဲ့အစည်းတွေ ကြားထဲမှာ လဲလှယ် ပေးပါတယ်။

အခြား တစ်ဖက်မှာ UDP က ချိတ်ဆက်မှုမရှိသော ဆက်သွယ်မှုပရိုတိုကော (connectionless communication protocol ) တစ်ခုပဲ ဖြစ်ပါတယ် ။ ဒေတာပက်ကေ့ချ်တွေ မပို့မီ ချိတ်ဆက်ဖို့ မလိုအပ်ပါဘူး ။ ဒါကြောင့် ဒေတာ ပေးပို့ခြင်းမှာ three-way handshake မျိုး မဖြစ်မြောက်တော့ပါဘူး။ ထို့ကြောင့် ဒေတာက ပြီးပြည့်စုံခြင်း ဒါမှမဟုတ် ရည်ရွယ်ထားတဲ့ order ဆီသို့ မရောက်နိုင် သော်လည်း TCP ထက် ပိုမို မြန်ဆန် လာနိုင်ပါတယ်။ Reference: GlobalSign

Thetys Co.,Ltd  website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။