WordPress ကိုဘာကြောင့် အသုံးပြုသင့်သလဲ?

WordPress ဆိုတာက CMS (Content Management System) ထဲမှာ အသုံးပြုရ အလွယ်ကူဆုံးထဲက တစ်ခု ဖြစ်ပါတယ်။ သူ တည်ရှိ နေတာကတော့ လွန်ခဲ့တဲ့ 2003 ခုနှစ် ကတည်းက ဖြစ်ပြီး Open Source ဖြစ်တာနဲ့အညီ Contributors တွေ များလာပြီး Community ကောင်းကောင်း ရှိပါတယ်။

ဘယ်လောက်တောင် အသုံးပြုရ လွယ်ကူပြီး နာမည်ကြီးသလဲဆိုရင် United State Of America အစိုးရ အဖွဲ့အစည်းကတောင် သူတို့ရဲ့ တရားဝင်သတင်း Website ဖြစ်တဲ့ https://whitehouse.gov ကို WordPress အသုံးပြုရေးသားထားပါတယ်။

နာမည်ကြီး Microsoft ကွန်ပျူတာ စျေးကွက်ရဲ့ နေရာ တော်တော်များများမှာ နေရာယူထားတဲ့ ကုမ္ပဏီ တစ်ခုတောင်မှ သူ့ရဲ့ Official Blog Website ကို WordPress အသုံးပြုပြီးရေးဆွဲ ထားပါတယ်။

၎င်း ကို အသုံးပြုပြီး Business Websites, E-Commerce stores, Blogs, Portfolios, Resumes, Forums, Social networks, Membership sites နှင့် တခြား အမျိုးအစား တော်တော်များများကို ဖန်တီးနိုင်ပါတယ်။ WordPressနှစ်မျိုး ရှိပါတယ်။

.org နှင့် .com ပါ။ .org ကတော့ self-hosted လို့ ခေါ်ပါတယ်။ Open Source ဖြစ်ပြီးတော့ ကိုယ်ကြိုက်တဲ့ Web Host မှာ တင်ပြီး သုံးလို့ရသလို ကိုယ်ပိုင်လည်း ဖြစ်ပါတယ်။

.com WordPress ကတော့ အကျိုးအမြတ်အတွက် အသုံးပြုရတာဖြစ်ပြီး သူကတော့ Paid Service ပါ။ အဓိက မကောင်းတဲ့ အချက်ကတော့ .org လို ပြင်ဆင်ရတာမျိုးတွေ အရမ်းအဆင်မပြေပါဘူး။ Limitation အနည်းငယ် ရှိပါတယ်။

WordPress က အခကြေးငွေ မပေးရပဲ အသုံးပြုလို့ ရပါတယ်။ Deploy and Upgrade လုပ်ရတာလည်း လွယ်ကူပါတယ်။ Plugins တွေလည်း အများကြီး ရှိသလို အသုံးပြုရတဲ့ User Interface ကလည်း Web Development ပိုင်းမှာ အတွေ့အကြုံ မရှိရင်တောင်မှ အဆင်ပြေပြေ အသုံးချနိုင်တာကို တွေ့ရပါတယ်။

အဲ့ဒါကြောင့်လည်း အကုန်အကျနည်းနည်း အချိန်ကုန် သက်သာစွာနဲ့ လိုချင်တဲ့ Website ကို ဖန်တီး နိုင်ပါတယ်။

လူသုံးများခြင်း၏ အဓိက အချက် ၅ ချက်

ပထမအချက် အနေနှင့်ဆိုလျှင် WordPress သည် ကမ္ဘာ နာမည်ကြီး အသုံးများတဲ့ CMS (Content Management System) တစ်ခုပါ။ အဓိကအနေနှင့်တော့ လူအများကြီး မလိုပဲ Web Development တစ်ခုကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်လို့ပါပဲ။

ဒုတိယအချက် အနေနဲ့က Open Source ဖြစ်တဲ့ တစ်ချက်ပါ။ Domain တွေ သီးသန့်သွားဝယ်စရာ မလိုပါဘူး။ Download လုပ်တာတွေ Install လုပ်တာတွေ Upgrade လုပ်တာတွေ အတွက်လည်း ငွေကြေး ကုန်ကျမှု မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အသုံးဝင်တဲ့ Plugins တွေအများကြီးက Free ဖြစ်နေတဲ့အပြင် လှပပြီး ရိုးရှင်းတဲ့ Themes တော်တော် များများကလည်း Free ဖြစ်ပါတယ်။

တတိယအချက် အနေနဲ့ ပြောပြရမယ်ဆိုရင် ပြင်ဆင်ရတာ အရမ်းလွယ်ကူပါတယ်။ Application Layout တွေကို ဖန်တီးတာ ပြင်ဆင်တာတွေက အရမ်းကို အဆင်ပြေပါတယ်။ Plugins တွေ ထည့်သုံးလိုက်ရင်တော့ ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေ မြင်ရမှာ အသေအချာပါပဲ။

စတုတ္ ထအချက် အနေနဲ့ ဆိုရ လျင် လူတိုင်းအတွက် ထုတ်ပေးထားတာပါ။ Developer ဖြစ်မှ သုံးလို့ရတယ်မရှိပါဘူး။ ဒါပေမဲ့ Developer ဖြစ်နေရင်တော့ ပိုပြီး ကောင်းမွန်အောင် ပြင်ဆင်နိုင်တာပေါ့။

နောက်ဆုံး အနေနဲ့ကတော့ Setup လုပ်ရတာ လွယ်ကူပြီး ထိန်းသိမ်းရတဲ့ ကုန်ကျစရိတ် နည်းပါးပါတယ်။ Setup လုပ်ရတဲ့ အဆင့်တွေ ပြင်ဆင်ရတာတွေက Themes တွေယူသုံးလို့ ရတာတွေကြောင့် လွယ်ကူတာပါ။

Drag and Drop Features တွေ ပါဝင်တဲ့အတွက် ထိန်းသိမ်းရတာ လွယ်ကူပါတယ်။ Static Website တစ်ခု မဟုတ်တဲ့အတွက် Interactive ဖြစ်တဲ့ Website တစ်ခုကို ရရှိနိုင်ပါတယ်။

ဒီလိုအသုံးပြုရ လွယ်ကူတာ ဖြစ်ပေမဲ့ လူကြီးမင်းတို့ အနေနဲ့ အချိန် မပေးနိုင်တာပဲဖြစ်ဖြစ် ရှိနေခဲ့ရင် ကျွန်တော်တို့ Thetys Co.,Ltd ကနေ လူကြီးမင်းတို့ စိတ်တိုင်းကျ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ Thetys Company Ltd’s Facebook မှာလည်း သွားရောက် လေ့လာ ကြည့်ရှုနိုင်ပါသည်။