Microsoft Power BI

Microsoft Power BI က သင့်ကုမ္ပဏီရဲ့ဒေတာများကိုလွယ်ကူမြင်သာအောင် ပြသနိုင်ခြင်း၊ အချက်အလက်အမြင်များကို မျှဝေနိုင်ခြင်းနဲ့ ဆုံးဖြတ်ချက်ချရာမှာ တိကျမှန်ကန်တဲ့ အကြောင်းအရာအပေါ် အခြေခံနိုင်စွမ်းကို တွက်ချက်ပေးနိုင်ပါတယ်။

Interactive dashboard များ၊ အချိန်နဲ့ တပြေးညီ update ဖြစ်သော report များနဲ့ မတူညီတဲ့ ဒေတာအရင်းအမြစ်များကို ချောမွေ့စွာ ဆက်သွယ်လုပ်ဆောင်နိုင်ခြင်းကြောင့် Power BI ကအဖွဲ့အစည်းများအတွက် raw ဒေတာများကို သုံးပြီး အသုံးချနိုင်တဲ့ အချက်အလက်များ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားမြင့် tool တစ်ခုဖြစ်ပါသည်။

power-bi-mockup-1
Jarviz-Product-Image

Jarviz

Smart timekeeping software

ဝန်ထမ်းများက အလုပ်စတင်ချိန်နှင့် အလုပ်ပြီးချိန်မှာ မိမိတို့ စမတ်ဖုန်းများမှတဆင့် အလုပ်တက်ချိန်ထည့်ခြင်း (Clock In) နဲ့ အလုပ်ဆင်းချိန်ထည့်ခြင်း (Clock Out) ကို လုပ်ဆောင်နိုင်ပါတယ်။

Fingerprint စက်များ လုံးဝမလိုအပ်ပါတဲ့အတွက် များစွာအဆင်ပြေပါတယ်။ Jarviz က ဘာသာစကား များစွာကို ထောက်ပံ့ပေးထားပြီး ဗီယက်နမ်၊ အင်္ဂလိပ်၊ ထိုင်း၊ မြန်မာ နှင့် တရုတ် ဘာသာစကားများဖြင့် အသုံးပြုနိုင်ပါတယ်။

Seed

Knowledge Management System

Seedkm က အဖွဲ့အစည်းအတွင်းရှိ အသိပညာများကို သိမ်းဆည်းခြင်း၊ မျှဝေခြင်းနဲ့ အချိန်နှင့်တပြေးညီ update လုပ်ခြင်းတို့ကို ပံ့ပိုးပေးပါတယ်။

ကိုယ်ပိုင် စွမ်းရည်များတိုးတက်စေရန်၊ အလုပ်လုပ်နိုင်မှုကို မြှင့်တင်ပေးရန်နဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အသိပညာများကို စနစ်တကျ ထိထိရောက်ရောက် အသုံးချနိုင်ရန် အထောက်အကူဖြစ်စေတဲ့ software တခုဖြစ်ပါတယ်။

seedkm
Veracity-Product-No-BG

Veracity

Digital Signature

စာရွက်စာတမ်းများကို အချိန်မရွေး၊ နေရာမရွေး click တစ်ချက်နှိပ်ရုံနဲ့ လက်မှတ်ထိုးနိုင်ပါတယ်။
အလုပ်လုပ်ဆောင်မှုလမ်းကြောင်း (Workflow) ထဲသို့ အလွယ်တကူ ပေါင်းစည်းအသုံးပြုနိုင်ပြီး ဥပဒေစည်းမျဉ်းအရ တရားဝင်မှုအပြင် လုံခြုံမှု ကိုအာမခံပေးသလို စာရွက်စာတမ်းပြင်ဆင်ဖို့ လုပ်ဆောင်ချိန်ကိုလည်း ချက်ချင်းလျှော့ချပေးနိုင်ပါတယ်။

Microsoft Software Licensing

Microsoft 365 license များက Digital လုပ်ငန်းများမှာ မရှိမဖြစ် အရေးပါတဲ့ လုပ်ငန်းသုံး software များ (Word, Excel, PowerPoint, etc…) ပါဝင်တဲ့ License bundle တွေပဲဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ မီလျံချီတဲ့ လုပ်ငန်းများက Microsoft Exchange, SharePoint နဲ့ တရားဝင်လိုင်စင်ပါရှိတဲ့ Office Suite များကို အသုံးပြုပြီး ၎င်းတို့ရဲ့ လုပ်ငန်းအတွင်း လုပ်ဆောင်မှုစနစ်များကို လည်ပတ်နေကြပါတယ်။ Microsoft 365 နဲ့ အလုပ်လုပ်နိုင်မှုကို မြှင့်တင်ပြီး ဒေတာလုံခြုံမှုကို အထိရောက်ဆုံးအဆင့်အထိ အားဖြည့်ပေးနိုင်ပါတယ်။

Microsoft-365-license