Code ရေးဖို့ ကူညီပေးတဲ့ GitHub ရဲ့ AI-powered Copilot က တစ်လကို $10 ကျသင့်ပါမယ်

Microsoft-owned GitHub က ၎င်းတို့ရဲ့ code editor အထဲ developer တွေထံ code lines တွေကို အကြံပြုဖို့ ကူညီပေးတဲ့ ၎င်းရဲ့ Copilot AI tool ကို ယနေ့ စတင် ထုတ်လုပ် လိုက်ပါတယ် ။ GitHub က Copilot ရဲ့ အကြို ကြည့်ရှုမှု preview ကို စတင်ဖို့ ယမန်နှစ်က OpenAI နှင့် ပူးပေါင်း ခဲ့ပြီး ၎င်းကို ယနေ့ခေတ် developer တွေ အားလုံး အတွက် ယေဘုယျအားဖြင့် ရနိုင်မှာပဲ ဖြစ်ပါတယ်။

တစ်လလျှင် $10 ( သို့မဟုတ် ) $100 စျေးနှုန်းဖြင့် GitHub Copilot က Visual Studio Code ၊ Neovim နှင့် JetBrains IDEs ကဲ့သို့သော integrated development environment (IDE) မှာ developer တွေ ရိုက်ထည့်တဲ့ နောက်ထပ် code line ကို အကြံပြု နိုင်ပါတယ် ။ Copilot က ပြီးပြည့်စုံသော နည်းလမ်းတွေနှင့် ရှုပ်ထွေးသော algorithms တွေကို boilerplate code နှင့် ယူနစ် စမ်းသပ်ခြင်း (unit testing) ဆိုင်ရာ အကူအညီ နှင့်အတူ အကြံပြု နိုင်ပါတယ်။

လွန်ခဲ့တဲ့ 12 လ အတွင်း GitHub Copilot preview ကို အသုံးပြုဖို့ developer 1.2 သန်းကျော်က စာရင်း သွင်းထားပြီး၊ ၎င်းက စိစစ်ပြီး ကျောင်းသားတွေ နှင့် နာမည်ကြီး open-source projects တွေကို ထိန်းသိမ်းသူတွေ အတွက် အခမဲ့ tool အဖြစ် ကျန်ရှိ နေမှာပဲ ဖြစ်ပါတယ် ။ ၎င်းကို ဖွင့်ထားတဲ့ ဖိုင်တွေမှာ GitHub မှ code ရဲ့ ၄၀ ရာခိုင်နှုန်း နီးပါးဟာ ယခု Copilot မှ ရေးသား နေတယ်ဟု သိရပါတယ်။

Image: GitHub

“compiler တွေနှင့် open source တွေ ထွန်းကားလာ သကဲ့သို့ ၊ AI-assisted coding က software developer တွေရဲ့ သဘော သဘာဝကို အခြေခံကျကျ ပြောင်းလဲစေမှာ ဖြစ်ပြီး developer တွေကို code ရေးရာမှာ ပိုမို လွယ်ကူ မြန်ဆန်စေဖု့ ကိရိယာ အသစ် တစ်ခု ပေးစွမ်းနိုင်တာကြောင့် ၎င်းတို့ရဲ့ ဘဝ ပိုမို ပျော်ရွှင်နိုင်မယ်ဟု GitHub CEO Thomas Dohmke မှ ပြောကြားခဲ့ ပါတယ်။

ယခင် Y Combinator ဥက္ကဌ Sam Altman ဦးဆောင်တဲ့ သုတေသနကုမ္ပဏီ OpenAI က Microsoft ရဲ့ $1 ဘီလီယံ ရင်းနှီးမြှုပ်နှံမှုဟာ GitHub Copilot ကို ဖန်တီး နိုင်ခဲ့ပါတယ်။ ၎င်းကို OpenAI ရဲ့ အထင်ကရ GPT-3 language-generating algorithm ရဲ့ မျိုးဆက်တစ်ခု ဖြစ်တဲ့ OpenAI Codex မှာ တည်ဆောက်ထား ပါတယ် ။ GitHub Copilot က အငြင်းပွားဖွယ် ဖြစ်နေသော်လည်း၊ ၎င်းရဲ့ preview ပြီးနောက် ရက်အနည်းငယ် အကြာမှာ GitHub တွင် တင်ထားတဲ့ publicly available code မှာ Copilot ရဲ့ တရားဝင်ဖြစ်မှု နှင့် ပတ်သက်၍ မေးခွန်းတွေ ထွက်ပေါ် လာခဲ့ ပါတယ်။ မူပိုင်ခွင့် ပြဿနာတွေ အပြင် Copilot ရဲ့ ထွက်ရှိမှု 40 ရာခိုင်နှုန်းခန့်က လုံခြုံရေး အားနည်းချက်တွေ ပါ၀င်ကြောင်း လေ့လာမှု တစ်ခုက တွေ့ရှိခဲ့ပါတယ်။

Microsoft က coding ကို ကူညီဖို့ automated AI tools တွေ ပေါ်မှာ အလုပ်လုပ်တဲ့ တစ်ခုတည်းသော ကုမ္ပဏီ မဟုတ်ပါ။ ပြီးခဲ့တဲ့နှစ်က Google-owned DeepMind က “at a competitive level.” computer programs တွေရေးဖို့ ဒီဇိုင်း ထုတ်ထားတဲ့ AlphaCode အမည်ရှိ AI system တစ်ခုကို ထုတ်ဖော် ပြသခဲ့ ပါတယ် ။ AlphaCode က competitive coding platform တစ်ခုဖြစ်တဲ့ Codeforces နှင့် စမ်းသပ်ပြီး ထိပ်တန်း 54 ရာခိုင်နှုန်းသော human coders တွေ အတွင်းမှာ ၎င်းကို “estimated rank” ရရှိ ခဲ့ပါတယ်။ စိန်ခေါ်မှုတွေက ပုံမှန် coder တွေ ရင်ဆိုင်ရမယ့် အရာတွေနှင့် ကွဲပြားသော်လည်း AI coding systems တွေက အနာဂတ်မှာ coders တွေကို ဘယ်လို ကူညီ ပေးနိုင်ကြောင်း သရုပ် ပြထားပါတယ်။

GitHub Copilot in action. Image: GitHub

GitHub Pilot ကို ရက် 60 အခမဲ့ အစမ်း သုံးခြင်းဖြင့် ယနေ့မှာ developer တွေ အားလုံးအတွက် ရနိုင်ပါတယ်။ GitHub က ယခုနှစ် နှောင်းပိုင်းတွင် လုပ်ငန်းတွေ အတွက် Pilot ကို ကမ်းလှမ်းမှာပဲ ဖြစ်ပါတယ်။

Reference: The Verge

Thetys Co.,Ltd  website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။