Internet of Things (IoT) ဆိုတာ ဘာလိုမျိုးလဲ ?

Internet of Things (IoT) ဆိုတာက sensors တွေ ၊ software နှင့် အခြား အရာဝတ္ထု( objects) တွေ နှင့် ဒေတာ ဖလှယ်နိုင်တဲ့ အခြားသော နည်းပညာတွေ ပါရှိသော ချိတ်ဆက်ပေးတဲ့ အရာဝတ္ထု ( objects ) တွေ ဒါမှမဟုတ် “အရာတွေ ( Things ) ” ရဲ့ စနစ် (system) တစ်ခုပဲ ဖြစ်ပါတယ် ။ ၎င်းတို့ကို “smart” devices တွေဟု အများအားဖြင့် ရည်ညွှန်းကြပါတယ်။

TechTarget က “Internet of Things” မှာ ဆက်စပ်နေတဲ့ ကွန်ပျူတာ စက်ပစ္စည်း ကိရိယာတွေ ၊ စက်ပိုင်းဆိုင်ရာ နှင့် ဒစ်ဂျစ်တယ် စက်ပစ္စည်းတွေ ၊ အရာဝတ္ထုတွေ ၊ တိရိစ္ဆာန်တွေ ( သို့မဟုတ် ) လူတွေကို သီးခြား သတ်မှတ်ပေးတဲ့ စနစ် (UIDs) နှင့် လူအချင်းချင်း ဒါမှမဟုတ် လူမှ ကွန်ပျူတာ အပြန်အလှန် ဆက်သွယ်မှု မလိုအပ်ဘဲ ” ကွန်ရက်တစ်ခု မှတဆင့် ဒေတာ လွှဲပြောင်းနိုင်မှု စနစ်တစ်ခု အဖြစ်လည်း TechTarget မှ ဖော်ပြထား ပါတယ်။

IoT စက်တွေ အားလုံး အလုပ်လုပ်ဖို့ အင်တာနက် ချိတ်ဆက်မှု ( internet connection ) မလိုအပ် သော်လည်း အချို့သော လုပ်ဆောင်ချက်တွေကို အလိုအလျောက် လုပ်ဆောင်ဖို့ ၊ commands တွေ ထုတ်ဖို့ ဒါမှမဟုတ် ၎င်းတို့ရဲ့ setup ကို အပ်ဒိတ်လုပ်ဖို့ ကွန်ရက် ချိတ်ဆက်မှု( network connection) တစ်ခု လိုအပ် ပါတယ်။

IoT in Singapore

စင်္ကာပူမှာ ပုဂ္ဂလိက ကဏ္ဍ နှင့် အစိုးရ နှစ်ရပ်စလုံးဟာ ၎င်းတို့ရဲ့ IoT လုပ်ဆောင်တဲ့နည်းလမ်းကို အကြမ်းဖျင်း ဖော်ပြဖို့ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
စင်္ကာပူအစိုးရက architecture ၊ အပြန်အလှန် လုပ်ဆောင်နိုင်မှု ( interoperability ) ၊ လုံခြုံရေး ( security )နှင့် ဒေတာ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေ ( data protection industries ) မှာ IoT အခြေခံ စံနှုန်း ( IoT foundational standards ) တွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ IoT နည်းပညာကော်မတီ (IoT technical committee ) ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

2017 ခုနှစ် မတ်လက ထိပ်တန်း IoT standards အဖွဲ့ဖြစ်တဲ့ Open Connectivity Foundation (OCF) က Singapore Semiconductor Industry Association (SSIA) နှင့် ပူးပေါင်းကာ ထုတ်လုပ်သူ (manufacturer)၊ လည်ပတ်မှုစနစ် (operating system)နှင့် ချစ်ပ်ဆက် (chipset )တွေ မသက်ဆိုင်ဘဲ IoT devices တွေကို အချင်းချင်း ချောမွေ့စွာ ဆက်သွယ် နိုင်စေဖို့ ခွင့်ပြု ပေးခဲ့ပါတယ် ။ . ပူးပေါင်းဆောင်ရွက်မှုက Singapore Smart Nation ecosystem ရှိ SMEs နှင့် startup များအား ၎င်းတို့ရဲ့ ဒီဇိုင်း ဗျူဟာ(design strategies) တွေမှာ သတ်မှတ်ချက်တွေကို နားလည်ပြီး ချမှတ် နိုင်စေခဲ့ ပါတယ်။

Image : GlobalSign

ယနေ့အထိ ၊ IoT standards ငါးခုကို စင်ကာပူ Infocomm Media Development Authority (IMDA) မှ သတင်း အချက်အလက် နည်းပညာ ပံ့ပိုး ကူညီရေး စင်တာ (ITSC) ရဲ့ နည်းပညာ ဆိုင်ရာ ကော်မတီ နှင့်အတူ ထုတ်ပြန် ထားပါတယ် ။ ဒီ IoT standards တွေဟာ အပြန်အလှန် လုပ်ဆောင်နိုင်တဲ့ sensor network devices တွေ နှင့် စနစ်တွေ ရဲ့ ecosystem ကို ဖန်တီးဖို့ လမ်းညွှန်ချက် တစ်ခု အဖြစ် ဆောင်ရွက် ပါတယ် ။ ၎င်းတို့က အပလီကေးရှင်း ၊ ဖွံ့ဖြိုး တိုးတက်မှု (development ) နှင့် စင်ကာပူရှိ public areas တွေ ၊ စက်မှုလုပ်ငန်း မျိုးစုံ နှင့် နေအိမ်တွေ အတွက် အဆိုပါ devices တွေကို ဖြန့်ကျက် လမ်းညွှန်ပေး ပါတယ်။ တကယ်တော့ လုံခြုံရေးက IoT ecosystem မှာ ကြီးမားတဲ့ အခန်း ကဏ္ဍကနေ ပါဝင်တာကြောင့် စမတ်ကျတဲ့ နိုင်ငံတွေမှာ IoT security အတွက် လမ်းညွှန်ချက် တွေလည်း ချမှတ် ထားပါတယ်။Reference: GlobalSign

Thetys Co.,Ltd  website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။