Internet of Things (IoT) ရဲ့ အဓိက အစိတ်အပိုင်းတွေက ဘာတွေလဲ ?

Internet of Things (IoT) မှာ အဓိကကျတဲ့ အစိတ်အပိုင်း ၅ ခု ရှိပါတယ်။၎င်းတို့မှာ အောက်မှာ ဖော်ပြပေး လိုက်ပါတယ်။

  • Devices တွေ (သို့မဟုတ်) Sensors တွေ – gateway ဆီကို ပို့ပေးဖို့ ပတ်ဝန်းကျင်မှ ဒေတာတွေကို စုဆောင်းရန် အတွက် devices တွေကို sensors တွေနှင့် actuators တွေ တပ်ဆင် ထားပါတယ် ။ တစ်ချိန်တည်းမှာ actuator တွေက ( data processing ပြီးတဲနောက် ညွှန်ကြားတဲ့ အတိုင်း) လုပ်ဆောင်ချက်ကို စတင် ပါတယ်။
  • Gateway – devices တွေ နှင့် sensors တွေမှ စုဆောင်း ရရှိထားတဲ့ ဒေတာကို gateway ဆီသို့ ပေးပို့ပြီး အချို့သော ဒေတာတွေကို pre-processing လုပ်ပးပါတယ် ။ gateway က network နှင့် transmission data တွေ အတွက် security level တစ်ခု အနေနှင့်လည်း လုပ်ဆောင်ပြီး ဒေတာ ပေးပို့ ပါတယ်။
  • Cloud – စုဆောင်းထားတဲ့ ဒေတာကို အင်တာနက်ဆီသို့ ချိတ်ဆက် ထားတဲ့ servers အစု တစ်ခု ဖြစ်တဲ့ cloud ဆီကို upload လုပ်ပါတယ်။
  • Analytics – cloud မှ လက်ခံ ရရှိပြီးနောက် ဒေတာတွေကို မှန်ကန်စွာ ခွဲခြမ်း စိတ်ဖြာဖို့ အတွက် ဒေတာမှာ အမျိုးမျိုးသော algorithms ကို အသုံးပြု ပါတယ်။
  • User Interface – အသုံးပြုသူက ဒီနောက်ဆုံး အစိတ်အပိုင်းရှိ ဒေတာကို စောင့်ကြည့် ထိန်းချုပ်နိုင် ပါတယ်။

Image source: RF Page https://www.rfpage.com/what-are-the-major-components-of-internet-of-things/)

IoT Devices တွေက ဘာတွေလဲ ?

စျေးကွက်ထဲမှာ ထိပ်တန်း IoT devices တွေလိုမျိုး အများအပြား ရှိပါတယ်။အဲ့ဒါတွေကတော့

  • Smart Mobiles
  • Smart refrigerators
  • Smartwatches
  • Smart fire alarms
  • Smart door locks
  • Smart bicycles
  • Medical sensors
  • Fitness trackers
  • Smart security systems တွေနှင့် အခြားသောအရာတွေပဲ ဖြစ်ပါတယ်။

Reference: GlobalSign

Thetys Co.,Ltd  website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။