Microsoft က မတ်လမှာ Windows 7 နှင့် 8 အတွက် OneDrive updates များကို ရပ်ဆိုင်းတော့မယ်လို့ ပြောကြား

Windows 7 ၊ Windows 8 ( သို့မဟုတ် ) Windows 8.1 မှာ ရှိတဲ့ OneDrive အသုံးပြုသူ တွေဟာ မတ်လ 1st ၊ 2022 မှ စတင်ပြီး ၎င်းတို့၏ အကြောင်းအရာ တွေကို cloud နှင့် sync ပြုလုပ်၍ မရတော့ နိုင်ကြောင်း ၎င်း၏ Tech Community forum မှာ blog post တစ်ခု အရ သိရ ပါတယ် ။ OneDrive ဟာ Windows 10 ( သို့မဟုတ် ) Windows 11 ( Windows 10 or Windows 11 installed ) ထည့်သွင်း မထားတဲ့ system တစ်ခုမှာ သုံးနေတာ ဆိုရင် updates တွေကို လက်ခံ ရရှိ တော့မှာ မဟုတ်တော့ကြောင်း ဖော်ပြ ထားပါတယ်။ Files တွေကို အသုံးပြု နေတဲ့ Windows version ဘယ်လောက် မှာပဲ ရှိနေ ပါစေ OneDrive app ကနေ ဝင်ရောက် ကြည့်ရှု နိုင်ဆဲ ဖြစ်ပါတယ်။ ၎င်းတို့က cloud ဆီကို အလိုအလျောက် upload လုပ်တော့မှာ မဟုတ်ပါဘူး ။ OneDrive မှာ ဘယ်လို ပြဿနာကို မဆို ရှောင်ရှားဖို့ Microsoft က လာမည့် နှစ် မတ်လ မတိုင်မီ Windows version အသစ်ကို upgrade တင်ထားဖို့ အကြံပြု ထားပါတယ် ။

Windows 10 ( သို့မဟုတ် ) Windows 11 ကို မ run နိုင်တဲ့ systems တွေ အတွက် အသုံးပြုသူ တွေက OneDrive web app ကို upload တင်ခြင်း နှင့်အတူ ၎င်းတို့၏ files တွေကို back up သိမ်းထား နိုင်ဆဲ ဖြစ်ကြောင်း Microsoft မှ ပြောကြား ခဲ့ပါတယ်။Updates တွေကို ရပ်ဆိုင်းခြင်း နှင့် sync လုပ်နိုင်မှု အပြင် Windows 7 ၊ Windows 8 နှင့် Windows 8.1 မှာ ရှိတဲ့ OneDrive ဟာ ဇန်နဝါရီ ၁ ရက် ၊ 2022 ( January 1st 2022 ) မှာ ပံ့ပိုးမှုကို ( OneDrive support ) ဆုံးရှုံးမှာပဲ ဖြစ်ပါတယ်။

UI/UX photo

Microsoft ၏ ဖော်ပြချက် အရ ပြောင်းလဲမှုရဲ့ အကြောင်းရင်းမှာ ” Technology သစ်တွေ နှင့် operating system တွေ ပေါ်မှာ resources တွေကို focus ထားဖို့ နှင့် အသုံးပြုသူ တွေ နောက်ဆုံးပေါ် up-to-date တွေနဲ့ secure experience တွေကို ပေးဆောင်ဖို့ အတွက် ဖြစ်တယ် ( to focus resources on new technologies and operating systems, and to provide users with the most up-to-date and secure experience. ) ” လို့ ဖော်ထား ပါတယ်။

Microsoft က 2018 မှာ Windows 8.1 အတွက် Mainstream support အား 2018 နှင့် 2020 တွင် Windows 7 အတွက် support ကို ရပ်ဆိုင်း လိုက်ခြင်းဖြင့် Windows 8 အတွက် lifecycle က 2016 ခုနှစ်မှာ ရပ်ဆိုင်း သွားခဲ့ ပါတယ် ။ ယခု Microsoft က 2025 မှာ Windows 10 အတွက် support ကို ရပ်ဆိုင်းဖို့ စီစဉ် နေတာကြောင့် Windows 11 upgrade အတွက် ပြင်ဆင်ချိန် စတင် ရမယ့် အချိန် ဖြစ်နိုင် ပါတယ်။

Thetys Co.,Ltd  website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။