Microsoft 365 (M365) ဆိုတာဘာလဲ ?
Microsoft 365 (ယခင် Office 365) ဟာ Cloud-based service တစ်ခုဖြစ်ပြီး၊ Microsoft ရဲ့ productivity apps (Word, Excel, PowerPoint) များအပြင် Microsoft Teams, OneDrive, Outlook, SharePoint, Planner, Loop စတဲ့ modern tools တွေအများကြီးပါဝင်ပါတယ်။
အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းများ၊ ကျောင်းသားများ နဲ့ သာမာန်အသုံးပြုသူများ အတွက် အချိန်နှင့် နေရာမရွေး digital အလုပ်လုပ်နိုင်ဖို့အတွက် ရည်ရွယ်ဖန်တီးထားတာပါ။
Apps & Services များ
App/Service | အကျိုးကျေးဇူး |
Word | စာများရေးသားရန်နှင့် Format ပြုပြင်ရန် |
Excel | စာရင်းများအား formula များအသုံးပြုပြီး တွက်ချက်ရန် နှင့် သိမ်းဆည်းရန် |
PowerPoint | Presentation များဖန်တီးရန် |
Outlook | Email စနစ်နှင့် Calendar integration |
OneDrive | Cloud storage 1TB (Personal) ထိ |
Teams | Video meetings, Team chat |
SharePoint | Document library နှင့် Intranet portal |
Planner / To Do | Task Management နှင့် Workflow တည်ဆောက်ရန် |
Loop | Real-time collaboration အတွက် content idea များ ရေးမှတ်ရန် project plan များ ရေးဆွဲရန် |
Forms / Bookings | Surveys ဖန်တီးခြင်း၊ Appointment ရယူခြင်း |
Defender / Intune / Purview (Business plans only) | Security & compliance tools |
Subscription Plans များ
Plan Name | Target Users | Key Features | Price (monthly) |
Microsoft365 Personal | တစ်ဦးချင်းသုံး | 1TB OneDrive, All Office apps | $6.99 |
Microsoft365 Family | မိသားစု ၆ ယောက်အထိ | Shared apps & storage | $9.99 |
Microsoft365 Business Basic | Business စတင်သူများ | Web version apps only, Teams & Email | $6.00 |
Microsoft365 Business Standard | SMEs | Desktop apps + Email Hosting | $12.50 |
Microsoft365 Business Premium | Security တိုးမြှင့်လိုသူများ | Azure AD, Defender, Intune ပါ | $22.00 |
Microsoft365 Apps for Business | App only | Word, Excel, PowerPoint, no email | $8.25 |
Microsoft 365 သုံးခြင်း၏ အကျိုးကျေးဇူးများ
Cloud-based အသုံးပြုနိုင်ခြင်း
- Document များအား cloud တွင်သိမ်းဆည်းနိုင်ခြင်း။
- Internet ချိတ်ဆက်ထားသည့် device များမှတစ်ဆင့် လွယ်လွယ်ကူကူ အသုံးပြုနိုင်ခြင်း။
Auto update နဲ့ Always Latest Version
- အမြဲတမ်း up-to-date version အသုံးပြုနိုင်သောကြောင့် security flaw များနည်းပါးခြင်း။
Collaboration အတွက် အကောင်းဆုံး
- Microsoft Teams, SharePoint, Loop တို့က real-time collaboration အတွက် အလွန်အသုံးဝင်ခြင်း။
- Document များကို အချင်းချင်း အပြန်အလှန် ပြင်ဆင်နိုင်ခြင်း။
Security & Compliance
- Microsoft Purview, Defender, Conditional Access စနစ်များဖြင့် Data protection အပြည့်အဝရှိပြီး စိတ်ချရခြင်း။
(Business premium များတွင် device management (Intune) ပါဝင်သည်။)
Microsoft 365 ကဘယ်လိုအသုံးဝင်သလဲ ဘယ်သူတွေအတွက်လဲ
၁။ ကျောင်းသား/ဆရာများအတွက်
- Word နှင့် OneNote အသုံးပြု၍ Lecture note များရေးသားခြင်း
- Microsoft Teams ဖြင့် Online Class များသင်ကြားနိုင်ခြင်း
- Forms ဖြင့် Quiz များဖန်တီးခြင်း
၂။ လုပ်ငန်းသမားများအတွက်
- Excel ဖြင့် Reports များအဆင်ပြေစွာ စီမံခြင်း
- Teams ဖြင့် Client များ Team member များ meeting ပြုလုပ်နိုင်ခြင်း
- Planner ဖြင့် Project Timeline များ အလွယ်တကူရေးဆွဲပြင်ဆင်နိုင်ခြင်း
၃။ Remote Working
- Freelance နှင့် Remote လုပ်သူများအတွက် မည်သည့်နေရာ မည်သည့် device မဆို အသုံးပြုနိုင်ခြင်း
- File များကို OneDrive မှ sync ပြုလုပ်ပြီး မည်သည့် device မှမဆို access လုပ်နိုင်ခြင်း
အကျဉ်းချုပ်
Microsoft 365 ဟာ အရင် (Office 365) တုန်းကလို Software တစ်ခုကို တစ်ခါတည်းဝယ်ပြီး အသုံးပြုတဲ့စနစ်မဟုတ်တော့ဘဲ subscription (လစဉ်ပေး) ဖြစ်လာတာကြောင့် အသုံးပြုသူတွေဟာ အမြဲတမ်း up to date ဖြစ်နေတဲ့ version ကိုသာ သုံးစွဲနေပါတယ်။
တစ်ဦးတစ်ယောက်အနေနဲ့ ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းအနေနဲ့ ဖြစ်စေ၊ productivity, security, collaboration, scalability စတဲ့အချက်တွေအတွက် Microsoft 365 ဟာ ရွေးချယ်ဖို့အကောင်းဆုံး platform တစ်ခုဖြစ်ပါတယ်။
အခုလို Microsoft 365 နဲ့ ပတ်သက်ပြီး စိတ်ဝင်စားရင် သို့မဟုတ် ပိုမို သိရှိလိုပါက Thetys Myanmar သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။
ကိုးကား website : Fusion Solution