Price Tracking Feature နှင့် Leaked Passwords features တွေကို ထည့်သွင်းဖို့ စီစဉ်နေတဲ့ Microsoft Edge

Microsoft က ၎င်း၏ Edge browser မှာ price tracker feature အသစ်တစ်ခုကို ထည့်သွင်းဖို့ စီစဉ် နေပြီး passwords များ အွန်လိုင်းတွင် ပေါက်ကြားလာပါက ကျွန်ုပ်တို့၏ passwords တွေကို အလွယ် တကူ ပြောင်းလဲနိုင်မယ့် feature အသစ်များကို ထည့်ဖို့ စမ်းသပ်နေပါတယ်။ Price tracking feature ကို မကြာမီရရှိနိုင်တော့မှာ ဖြစ်ပြီး recent viewed ကြည့်ခဲ့တဲ့ products တွေကို track လိုက်ကာ price changes တွေကို alert ပြပေးဖို့ ဒီဇိုင်း ထုတ်ထား ပါတယ်။

Microsoft က ၎င်းရဲ့ Edge browser ဖြင့် shopping improvements အပေါ် များစွာ focus ထားပြီး Edge မှာ စျေးနှုန်းနှိုင်းယှဉ်မှု ( price comparison ) ၊ စျေးနှုန်းမှတ်တမ်း ( price history ) နှင့် built-in coupons တွေ ပါရှိ ပြီးသားပဲ ဖြစ်ပါတယ်။ “ ဒီ feature ဟာ မကြာမီ ရောက်ရှိ လာတော့မှာ ဖြစ်ပြီး browser မှာ ထည့်သွင်းလာတော့မှာပဲ ဖြစ်ပါတယ်။ ပုံမှန် အတိုင်း browse လုပ်ဖို့ လိုအပ်ပြီး မကြာသေးမီက ကြည့်ရှုခဲ့တဲ့ အရာများတွေ ထဲမှ စျေးနှုန်းပြောင်းလဲ သွားတယ် ဆိုပါက Microsoft Edge က အသိပေးပါလိမ့်မယ်” လို့ ကုမ္ပဏီရဲ့ “Modern Life” initiative လုပ်ဆောင် နေတဲ့ Microsoft အမှုဆောင် အရာရှိ Liat Ben-Zur က ရှင်းပြ ထားပါတယ်။

အွန်လိုင်းမှာ ရှာဖွေထားတဲ့ ကျွန်ုပ်တို့ရဲ့ browser tracking products တွေ နှင့် ၎င်းတို့၏ ဆက်စပ် နေတဲ့ စျေးနှုန်းတွေကို Microsoft က ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ် ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရသေးပါ။ Microsoft က အစဉ်အလာ အားဖြင့် Edge မှာ privacy-focused controls အများအပြားကို ကမ်းလှမ်း ထားတာကြောင့် အလားတူ options တွေကို ဒီနေရာတွင် မြင်တွေ့ ရဖို့ မျှော်လင့်ပါတယ်။

Privacy အကြောင်း ပြောရရင် Edge က အသုံးဝင်တဲ့ password tool အသစ်တစ်ခုကိုလည်း မိတ်ဆက်ဖို့ ရှိနေပါတယ် ။ Microsoft က passwords တွေ ပေါက်ကြားမှု ရှိလာပါက passwords တွေကို update လုပ်ဖို့ လွယ်ကူ စေမယ့် feature အသစ်တစ်ခုကို Edge မှာ စမ်းသပ်နေပါတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ သင့်ခွင့်ပြုချက်ရရှိပါက Edge က ပေါက်ကြား လာတဲ့ passwords တွေကို စောင့်ကြည့်ပေးပြီး ထိခိုက်တဲ့ credentials တွေ အတွက် website ရဲ့ password page ဆီ password ပြောင်းနိုင်ဖို့ တိုက်ရိုက်သွားပြောင်းနိုင်မှာပဲ ဖြစ်ပါတယ်။ ထို့နောက် Edge က ထူးခြား ကောင်းမွန်တဲ့ password တွေနဲ့ ခိုင်မာတဲ့ password အသစ်တွေကို ဖန်တီးနိုင်ပါလိမ့်မယ်။

Thetys Co.,Ltd  website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။