Remote Workers အတွက် Digital Signatures ကို ဘယ်လို အသုံးပြုနိုင်မလဲ ?

Coronavirus ပြန့်ပွားမှုကို ရှောင်ရှားဖို့ အတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) မှ လူစု လူဝေး မလုပ်ဘဲ ခပ်ခွာခွာ နေဖို့ အကြံပြု ထားပါတယ် ။

စီးပွားရေး လောကဟာ ယေဘူယျ အားဖြင့် တုံ့ပြန်ဖို့ လျင်မြန်ပြီး ဖြစ်နိုင် ပါက 100% remote work အဖြစ်ကို ပြောင်းလဲ လုပ်ကိုင်ဖို့ လိုအပ်လာပါတယ်။

သို့သော် ကမ္ဘာ တစ်ဝှမ်းရှိ ကုမ္ပဏီများက ၎င်းတို့၏ remote operations စနစ်၏ ဒုတိယ အပတ် ( သို့မဟုတ် ) ရှစ်ပတ်မြောက်တွင် အခြေတကျ ဖြစ်လာတာ နှင့်အမျှ ဒီ ကြီးမားတဲ့ ပြောင်းလဲမှု ၏ ဖိအား အားလုံးကို ခံနိုင်ရည် ရှိလာမှာပဲ ဖြစ်ပါတယ်။

Organization က လုပ်ငန်း ဆက်လက် လည်ပတ်ဖို့ လိုအပ်တဲ့ မှန်ကန်သော tools တွေ တပ်ဆင် ထား မထားဆိုတာကို အောက်ပါအတိုင်း ဖတ်ရူနိုင်ပါတယ်။

Document Signing from a Distance ( အဝေး တစ်နေရာမှ စာရွက်စာတမ်း လက်မှတ် ထိုးခြင်း )

Home office ကို ကောင်းမွန်စွာ အကောင်အထည် ဖော်မယ် ဆိုပါက နှစ်ဖက် စလုံး အတွက် များစွာ အကျိုးရှိ မှာပဲ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ ရဲ့ ဘဝ အရည်အသွေး ကို ဖြည့်ဆည်း ပေးပြီး ကုမ္ပဏီတွေ အတွက် ကုန်ထုတ် စွမ်းအား မြှင့်တင် ပေးနိုင်တာဆိုတာကို Hubspot မှ ပြုစု ထားတဲ့ ဒီစာရင်းတွင် တွေ့ရတဲ့ အတိုင်း ကိန်းဂဏန်း တွေကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။

  • ဝန်ထမ်း ၈၁ ရာခိုင်နှုန်း က အဝေး မှ အလုပ် လုပ်ဖို့ ရွေးချယ်မှုဟာ ၎င်းတို့၏ ကုမ္ပဏီအား job candidates တွေနှင့် prospects များကို အကြံပြု နိုင်ခြေ ပိုများ စေတယ်လို့ ပြောဆိုထား ပါတယ်။ (Owl Labs)

  • ဝန်ထမ်း 74% က remote work ကို ရွေးချယ်ခွင့် က ၎င်းတို့၏ ကုမ္ပဏီ မှ ထွက်ဖို့ အလားအလာ နည်းစေတယ် လို့ ပြောဆိုထား ပါတယ်။ (Owl Labs)

  • ဝေးလံ ခေါင်သီတဲ့ ဝန်ထမ်း ( remote employees ) တွေရဲ့ 77% က အိမ်ကနေ အလုပ် လုပ်တဲ့ အခါ ပို အကျိုးရှိတယ်လို့ ပြောဆိုထား ပါတယ်။ (CoSo Cloud)

  • ဝေးလံ ခေါင်သီသော အလုပ်သမား ( remote workers ) များ၏ ၂၃% က ၎င်းတို့ဟာ on-site ထက် အလုပ်ချိန် ပိုကြာတယ်လို့ ပြောဆိုထား ပါတယ်။ (CoSo Cloud)

www.globalsign.com

သို့သော် remote work ဟာ ၎င်း၏ အားနည်းချက် တွေလည်း ရှိပါတယ် ။

လုပ်ငန်း အများစုဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်း ၎င်းတို့၏ digital transformation ကို အာရုံစိုက် နေသော်လည်း အများအပြားက manual ၊ ပုံနှိပ်ခြင်း ( သို့မဟုတ် ) face-to-face components များ ပါတဲ့ လုပ်ငန်းစဉ်များကို အသုံးပြု နေကြဆဲ ဖြစ်ပါတယ် ။

စာရွက်စာတမ်း လက်မှတ်ထိုးခြင်း ( Document signing ) ဟာ အဲဒါတွေရဲ့ အကောင်းဆုံး ဥပမာ ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။

Electronic signature တစ်ခုဟာ လုံလောက်တဲ့ အချိန်များ ရှိသော်လည်း ၊ အချို့ ကိစ္စများမှာ ဥပမာ- စာချုပ်များ ၊ အခွန်ပုံစံများ နှင့် ပြေစာများ ကဲ့သို့သော အရေးကြီး စာရွက်စာတမ်းများတွင် ပိုမို လုံခြုံပြီး အထောက်အထား စိစစ်ထားတဲ့ လက်မှတ် လိုအပ်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ အရာတွေက ယုံကြည် စိတ်ချရသော digital signatures များကို အသုံးပြုဖို့ အခြား အကြောင်းရင်း အချို့ ဖြစ်ပါတယ်။

 

  • လုံခြုံရေး ( Security ) – Digital signature တွေဟာ လက်မှတ်ထိုး သူများက သူတို့ဟာ ကျွန်တော်က ဘယ်သူပါ ဆိုတာကို အမှန်တကယ် ဖြစ်ကြောင်း အတည် ပြုပြီးရင် လက်မှတ် ရေးထိုးထားတဲ့ စာရွက်စာတမ်းမှာ နောက်မှ ပြန်ပြီး ပြုပြင် ပြောင်းလဲမှု များကို တားဆီးပေး ပါတယ်။
  • အချိန် ( Time ) – စာရွက်စာတမ်းကို မှင်ဖြင့် လက်မှတ်ထိုးခြင်းဟာ digital signature ဖြင့် လက်မှတ်ထိုးခြင်း ထက် ပိုကြာမှာတော့ မဟုတ်ပါဘူး ။ သို့သော် လက်ခံတဲ့ သူဆီ မှင်နဲ့ ရေးထိုးထားနဲ့ စာရွက်စာတမ်းကို ပေးပို့ဖို့ အချိန် ကြာနိုင်ပါတယ်။ ရက်သတ္တပတ်တွေ အထိ မဟုတ်ရင်တောင် အလွယ်တကူ အချိန် ယူနိုင်ပါတယ်။ Digital ဖြင့် လက်မှတ် ထိုးထားတဲ့ စာရွက်စာတမ်းကို emails များမှ တစ်ဆင့် မိနစ်ပိုင်း အတွင်း ပေးပို့နိုင် ပါတယ်။
  • ပူးပေါင်းဆောင်ရွက်ခြင်း ( Collaboration ) – ဝေးလံခေါင်သီတဲ့ အလုပ် ( remote working ) နှင့် ကိုယ်က အဝေး တစ်နေရာကို ရောက်ရှိ ချိန်တွေမှာ စာရွက်စာတမ်းများကို လက်မှတ် ရေးထိုးဖို့ ခက်ခဲ ပါတယ်။ လူတွေက စာချုပ်တစ်ခု ချုပ်ဆိုဖို့ဆိုရင် အထူးသဖြင့် ခက်ခဲကြ ပါတယ်။ Digital signatures များက လူကိုယ်တိုင် တွေ့ဆုံဖို့ မလိုအပ်ဘဲ လျင်မြန်စွာ စာချုပ် ချုပ်ဆိုမှု ပြီးမြောက်ခြင်းကို ရရှိစေပါတယ်။
  • သဘာ၀ပတ်ဝန်းကျင် ( Environment ) – စာရွက်တစ်ရွက် နှင့် ကာဗွန်ထုတ်လွှတ်မှုကို ကယ်တင် နိုင်တဲ့ ပေးပို့မှု အားလုံးကို စဉ်းစားပါ ။ Digital signatures များက မှင်စိုသော လက်မှတ်များ အတွက် green alternative ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
  • ဥပဒေလိုက်နာမှု ( Legal compliance ) – Digital signatures တွေက တရားဝင် ခွင့်ပြု နိုင်ပြီး မှင်လက်မှတ် တွေနှင့် တူတူပါပဲ။

 

ဤအချိန်တွင် digital signatures တွေဟာ remote work-life အား သိသိသာသာ တိုးတက် ကောင်းမွန် လာစေမှာကို သဘောပေါက် နားလည် လာပါ လိမ့်မယ်။ အဲ့ဒီတော့ တစ်ခုတည်းသော မေးစရာ မေးခွန်းမှာ digital signatures တွေနဲ့ business တွေရဲ့ remote work ကို “ ဘယ်လို စတင်ရမလဲ “ ဆိုတာပဲ ဖြစ်ပါတယ်။

Thetys Co.,Ltd  website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။