Microsoft 365 free မှာ ဘာတွေပါသလဲ ဘယ်လိုအသုံးပြုရမလဲ

Microsoft 365 Free

Microsoft 365 Free ကို သုံးချင်သူအတွက် မေးခွန်းကြီးတစ်ခုက – “တကယ်ရော ဘာတွေလုပ်လို့ရတာလဲ?” ဆိုတာပါ။ အောက်မှာ နမူနာအဖြစ် တချို့အရေးကြီးသော use cases တွေကိုဖော်ပြထားပါတယ်။

✅Employee အတွက် – Remote Work & Collaboration

  • Word, Excel, PowerPoint များကို browser မှတစ်ဆင့် တူတူ edit နိုင်ခြင်း (co-authoring)

  • File sharing via OneDrive – client နှင့်လွယ်ကူစွာ share အသုံးပြုနိုင်ခြင်း

✅ ကျောင်းသားအတွက် – Assignment & Note Taking

  • Word ဖြင့် Report / Essay များရေးသားနိုင်ခြင်း

  • OneNote ဖြင့် digital note များမှတ်သားနိုင်ခြင်း

  • PowerPoint ဖြင့် Group presentation များပြုလုပ်နိုင်ခြင်း

✅ Family အတွက် – Shared Calendar, Budgeting

  • Excel ဖြင့် မိသားစုစာရင်းပြုလုပ်နိုင်ခြင်း

  • Outlook calendar ကို Sharing လုပ်ပြီး event များစီစဉ်နိုင်ခြင်း

Microsoft 365 Free နှင့် Paid Version ကြားကွာခြားချက်

Feature Microsoft 365 Free Microsoft 365 Paid
Desktop App
Offline Access
Cloud Storage (OneDrive) 5GB 1TB per user
Advanced Security
Outlook Email Storage Limited 50GB or more
Microsoft Editor, Designer AI Basic only Full

သင်သိသင့်သည်: Microsoft 365 Free သည် Cloud-based platform ဖြစ်သောကြောင့် Internet ချိတ်ဆက်မှုမရှိလျှင် အသုံးမပြုနိုင်ပါ။

Microsoft Teams – Collaboration Tool တစ်ခုအနေနဲ့

Microsoft Teams ကိုလည်း free version ထဲမှာ အခြေခံသုံးနိုင်ပါတယ်။ မိမိက online meeting များပြုလုပ်လိုသူ၊ group chat နဲ့ document collaboration လုပ်ချင်သူတွေအတွက် ထောက်ပံ့မှုရှိပါတယ်။

  • Chat and channel-based communication

  • File sharing inside chat

  • Calendar integration with Outlook

(အသေးစိတ် features များကတော့ Paid version မှာသာ ရရှိနိုင်ပါတယ်။)

Free Microsoft Learning Tools

Microsoft ဟာ Self-learning အတွက် အခမဲ့ online training လည်းပေးနေပါတယ်။ လေ့လာနိုင်သောအရာများမှာ:

  • Microsoft Word/Excel Basics Course

  • PowerPoint Presentation Skills

  • Cybersecurity Essentials

  • Microsoft Certified Fundamentals (အခမဲ့)

Microsoft Learn Website မှာ အခမဲ့လေ့လာနိုင်ပါတယ်။

နိဂုံးချုပ်

နည်းပညာလောကအတွက် အသုံးဝင်တဲ့ tool တွေကို အခမဲ့အသုံးပြုနိုင်ခြင်းဟာ အကျိုးအမြတ်တစ်ခုပါ။ free version ကို အသုံးပြုပြီး Productivity တိုးစေချင်သူ၊ တက္ကသိုလ်စာမေးပွဲပြင်နေသူ၊ ဗဟုသုတတိုးချင်သူများအတွက် အကောင်းဆုံးအခြေခံတစ်ခုဖြစ်ပါတယ်။

Microsoft 365 နဲ့ အခြားသော Products များအကြောင်းစိတ်ဝင်စားပါက သို့မဟုတ် ပိုမို သိရှိလိုပါက Thetys Myanmar သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။

reference website : Fusion Solution

သင်ကျွန်ုပ်တို့နှင့်ဆက်သွယ်လိုပါက ဤနေရာကို နှိပ်ပါ