What’s New in WordPress 6.4

“Shirley” လို့အမည်ရတဲ့ WordPress version 6.4 ကို မကြာသေးမီကမှ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ 2023 ခုနှစ်ရဲ့ တတိယမြောက် အဓိကထွက်ရှိမှုတစ်ခုလည်းဖြစ်ပါတယ်။ Version အသစ်မှာ သိသာထင်ရှားတဲ့ အင်္ဂါရပ်အသစ်များ၊ ချွတ်ယွင်းချက်ပြင်ဆင်မှုများနဲ့ သင့်ဝဘ်ဆိုဒ်ကို သင်ကိုယ်တိုင်ဖန်တီးပြီး စီမံခန့်ခွဲတဲ့နည်းလမ်းကို တိုးတက်စေတဲ့ အပြောင်းအလဲများလည်း ပါရှိပါတယ်။ ယခုဆောင်းပါးမှာဆိုရင်ဖြင့် WordPress 6.4 ရဲ့ အင်္ဂါရပ်အသစ်များကိုတစ်ခုချင်း ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

WordPress ရဲ့ Default Theme အသစ်ဖြစ်တဲ့ – Twenty Twenty-Four

ယခုနှစ်ရဲ့ နောက်ဆုံးထွက်ရှိမှုအဖြစ် WordPress 6.4 ဟာ Twenty Twenty-Four လို့အမည်ရတဲ့ Default Theme အသစ်ကို ထုတ်ပြလာပါတယ်။ ထို Theme ဟာ ဝဘ်ဆိုဒ်အမျိုးမျိုးအတွက် သင့်လျော်တဲ့ ဘက်စုံသုံး မူရင်း Theme တစ်ခုဖြစ်ပါတယ်။ စိတ်တိုင်းကျ ပြောင်းလဲပြင်ဆင်နိုင်ခြင်းတွေအတွက် Twenty Twenty-Four Theme က လွယ်လွယ်ကူကူ ဖန်တီးနိုင်တဲ့အပြင် မတူညီတဲ့ စတိုင်လ် ၆ မျိုး ကိုလည်း ထည့်သွင်းပေးထား ပါသေးတယ်။ WordPress ရဲ့ Block Pattern တွေက အသုံးပြုသူများကို ၎င်းတို့ရဲ့ ပို့စ်တွေနဲ့ စာမျက်နှာတွေအတွက် အကြောင်းအရာ အပြင်အဆင်များကို လျင်မြန်စွာ ဖန်တီးနိုင်စေနိုင်မှာဖြစ်သလို Twenty Twenty-Four Theme မှာဆိုရင်ဖြင့် အသုံးပြုသူတွေအတွက် ၎င်းတို့ ဝဘ်ဆိုဒ် မှာအသုံးပြုဖို့ ဒါဇင်နဲ့ချီတဲ့ Pattern တွေလည်း ထည့်သွင်းထားပါတယ်။

http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png
http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png
http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png

Custom Category များဖြင့် ပိုမိုကောင်းမွန်သော Pattern စီမံခန့်ခွဲမှု

Pattern များဟာ သင့်ဝဘ်ဆိုဒ်ပေါ်ရှိ မည်သည့်နေရာမှာမဆို လျင်မြန်စွာအသုံးပြုနိုင်ရန်အတွက် ကြိုတင်စီမံထားတဲ့ ပုံကြမ်းအစုအဖွဲ့များဖြစ်ပါတယ်။ WordPress 6.4 က ဝဘ်ဆိုဒ်ကိုပြင်ဆင်တဲ့နေရာမှာ သင့် Pattern ပုံစံများအားလုံးကို စီမံခန့်ခွဲရာတွင် ပိုမိုလွယ်ကူစေပါတယ်။ ယခုဆိုရင် Pattern ပုံစံအသစ်တစ်ခု ဖန်တီးသောအခါတွင် သင့်ကိုယ်ပိုင် ပုံစံအမျိုးအစားများကိုလည်း ထည့်သွင်းနိုင်ပြီး ကိုယ်ပိုင် Pattern များကို Pattern Tab မှာ အမျိုးအစားအလိုက် တွေ့မြင်နိုင်ပါတယ်။

http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png
http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png

Attachment Pages များကို Default ပိတ်ပေးထားခြင်း

ယခင်က WordPress ဟာ သင့်ဝဘ်ဆိုဒ်ပေါ်ကို တင်ထားတဲ့ ပူးတွဲပါဖိုင်များအတွက် စာမျက်နှာတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ၎င်းစာမျက်နှာမှာ ပူးတွဲပါဖိုင် (ရုပ်ပုံ သို့မဟုတ် အခြားမီဒီယာဖိုင်) နဲ့ ၎င်းရဲ့ဖော်ပြချက်ကိုသာ ပြသထားခဲ့ပါတယ်။ နောက်ပိုင်း ထိုစာမျက်နှာများကို ရှာဖွေရေးအင်ဂျင်များက ရှာဖွေတွေ့ရှိခဲ့ပြီး သုံးစွဲသူများရဲ့ WordPress ဝဘ်ဆိုက် SEO (Search Engine Optimization) အတွက် မသင့်လျော်ဘူးလို့ ယူဆခဲ့ကြပါတယ်။ အသုံးပြုသူများက ပူးတွဲပါစာမျက်နှာများကို ပိတ်ရန် နဲ့ ၎င်းပုံ သို့မဟုတ် မီဒီယာကို ထည့်သွင်းထားတဲ့ ပို့စ်သို့ သုံးစွဲသူများအား ပြန်လည်လမ်းညွှန်ပေးရန် All in One SEO ကဲ့သို့ WordPress SEO Plugin များကိုအားကိုးခဲ့ကြပါတယ်။ WordPress 6.4 မှာဖြင့်၊ ဝဘ်ဆိုက်အသစ်အားလုံးအတွက် ပူးတွဲပါစာမျက်နှာများကို ပုံမှန်အားဖြင့် ပိတ်ပေးထားမှာဖြစ်ပါတယ်။ သင့်တွင် ရှိပြီးသား WordPress ဝဘ်ဆိုဒ်တစ်ခုရှိနေလျှင် ၎င်း Feature ဟာ ယခင်အတိုင်း လုပ်ဆောင်နိုင်မှာဖြစ်ပြီး ပူးတွဲပါဖိုင်စာမျက်နှာများကို ပိတ်လိုပါက အောက်ပါ custom code ကို သင့်ဝဘ်ဆိုက်ထဲတွင် ထည့်သွင်းနိုင်ပါတယ်။

update_option( ‘wp_attachment_pages_enabled’, 0 );

ပုံများကို Lightbox Popup တွင်ပြသခြင်း

ပိုကြီးသော ရုပ်ပုံများကို ပြသရန်အတွက် လူကြိုက်များတဲ့နည်းလမ်းနောက်တစ်ခုဟာ ၎င်းတို့ကို Lightbox Popup အတွင်းမှာပြသခြင်းပဲဖြစ်ပါတယ်။ ယခုအခါ WordPress 6.4 က သုံးစွဲသူများကို ၎င်းတို့ရဲ့ ပို့စ်များနဲ့ စာမျက်နှာများရှိ ရုပ်ပုံများအတွက် Lightbox Popup များကို အသုံးပြုခွင့်ပေးထားပါတယ်။ ဤရိုးရှင်းတဲ့ Image Popup က သုံးစွဲသူများအား စာမျက်နှာကနေထွက်မသွားစေပဲ ပုံများကိုချဲ့ကြည့်စေနိုင်မှာပဲ ဖြစ်ပါတယ်။

http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png
http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png

Block တည်းဖြတ်ရာတွင်တိုးတက်မှုများ

WordPress 6.4 မှာ အဓိကအားဖြင့် Gutenberg (Block အကြောင်းအရာတည်းဖြတ်သူအတွက် ပရောဂျက်အမည်) အသစ်ထွက်ရှိမှုများစွာ ပါဝင်ပါတယ်။ ၎င်းတို့တစ်ခုချင်းစီတွင် အင်္ဂါရပ်အသစ်များနဲ့ အဆင့်မြှင့်တင်မှုများလည်း ပါဝင်ပါတယ်။ အောက်တွင် အဆင့်မြှင့်တင်မှုအချို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Group Block အတွက် နောက်ခံပုံများ

Block များကို အုပ်စုဖွဲ့ခြင်းဟာ ပို့စ်၊ စာမျက်နှာ သို့မဟုတ် ဝဘ်ဆိုဒ်တည်းဖြတ်မှုမှာ မတူညီတဲ့ အပြင်အဆင်ကဏ္ဍများကို ဖန်တီးရန်အတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ ယခင်က Block တည်းဖြတ်မှုကို အသုံးပြုပြီး Block တစ်ခုသို့ နောက်ခံပုံတစ်ပုံကို ထည့်လို့မရနိုင်ခဲ့ပါဘူး။ ယခုအခါ WordPress 6.4 ဟာ အသုံးပြုသူများကို မည်သည့် Group Block အတွက်မဆို နောက်ခံပုံတစ်ပုံကို ထည့်သွင်းသတ်မှတ်ခွင့် ပြုထားပါတယ်။ ဒါဟာ Block များကို တည်းဖြတ်တဲ့နေရာမှာ အသုံးပြုသူ စံပြအတွေ့အကြုံကို များစွာအဆင်ပြေစေတဲ့ တိုးတက်မှုတစ်ခုပဲဖြစ်ပါတယ်။

http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png

Parent / Child Block တွေအတွက် ပိုမိုကောင်းမွန်တဲ့ Toolbar

Child block များပါရှိတဲ့ block များနဲ့ အလုပ်လုပ်တဲ့အခါ ယခင်က Toolbar ဟာ သင်ရွေ့လျားသလို ဆက်တိုက်ရွေ့လျားပြီး ပြောင်းလဲနေခဲ့ပါတယ်။ ဒါဟာ Navigation, List နှင့် Quote ကဲ့သို့သော Block များအတွက် အသုံးပြုသူ စံပြအတွေ့အကြုံကို မပေးနိုင်ခဲ့ပါဘူး။ WordPress 6.4 ဟာ Child Toolbar ကို Parent ထံ အလိုအလျောက် ချိတ်ဆက်ပေးပြီး အတွင်း block များကို ရွှေ့လိုက်သော်လည်း လိုက်မရွေ့လျားတဲ့ အသုံးပြုသူ အတွေ့အကြုံကို ဖန်တီးပေးပါတယ်။

http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png

ပိုမိုကောင်းမွန်တဲ့ Outline/ List View

List view ဟာ သင့်စာမျက်နှာရဲ့ လျင်မြန်တဲ့ Outline သို့မဟုတ် Site/ Block တည်းဖြတ်တဲ့နေရာမှာ ပို့စ်အပြင်အဆင်ကို ပြသပေးပါတယ်။ WordPress 6.4 မှာ အင်္ဂါရပ်အသစ်များနဲ့ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများဖြင့် ပြန်လည်မွမ်းမံထားတဲ့ List View တစ်ခု ပါရှိပါတယ်။ နောက်တစ်ချက်မှာ ယခုအခါ List View တွင် Group Block များကို နာမည်ပြန်ပြောင်းနိုင်ပါသေးတယ်။ ဤအရာက အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ Block လုပ်ဆောင်ချက်များကို ခွဲခြားသိရှိစေနိုင်ရန် ကူညီပေးမှာဖြစ်ပြီး သင်ရဲ့ Layout အပြင်အဆင်များကို ပိုမိုလွယ်ကူစွာ ရှာဖွေဖတ်ရှုစေနိုင်မှာဖြစ်ပါတယ်။ ယခင်က သင့်ရဲ့ Image သို့မဟုတ် Gallery တစ်ခုကို ထည့်သွင်းတဲ့အခါမှာ List View ဟာ Image ရဲ့အညွှန်း သို့မဟုတ် Gallery ကိုသာ ပြသခဲ့ပါပြီး မည်သည့် Image သို့မဟုတ် Gallery ကိုမဆို ကြည့်ရှုရန်အတွက် သင်ကိုယ်တိုင် scroll လုပ်ရပါတယ်။ ယခု WordPress 6.4 မှာတော့ List View မှာ ပုံရဲ့ ကြိုတင်ကြည့်ရှုမှုကို မြင်တွေ့နိုင်မှာပါ။

http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png
http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png
http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png

Block Hooks များကိုရရှိနိုင်ပြီ

WordPress 6.4 က developer များအတွက် Block Hook လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းထားပါတယ်။ WordPress core APIs များမှာ Hook များရဲ့ လုပ်ဆောင်နိုင်စွမ်းကိုအစွဲပြုပြီး အမည်ပေးထားတဲ့ Block Hook များဟာ developer တွေကို Block များအား dynamically တိုးချဲ့နိုင်စေပါတယ်။ ဥပမာအားဖြင့် Plugins များဟာ Block တစ်ခုမှာ ၎င်းတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်များကို ထည့်သွင်းနိုင်ပါတယ်။ Block အပြင်အဆင်အကန့်တွင် ဤရွေးချယ်စရာများကို ပြသမှာဖြစ်ပြီး အသုံးပြုသူများဟာ ၎င်းတို့ကို အဖွင့်အပိတ် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

http://www.thetysmyanmar.com/wp-content/uploads/sites/4/2023/11/1.png

Reference: WPBeginner

ThetysMyanmar Website နှင့် Thetys Facebook မှာလည်း အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။