TCP ( သို့မဟုတ် ) UDP ဘယ်ဟာ ပိုကောင်းသလဲ ?

TCP နှင့် UDP နှစ်ခုစလုံးက ဒေတာဖလှယ်ရာမှာ အထောက်အကူ ဖြစ်စေဖို့ အသုံးဝင်ပါတယ်။ သို့သော် communication protocol တစ်ခုစီမှာ ပူးတွဲပါရှိတဲ့ အားသာချက်တွေနှင့် အားနည်းချက်တွေ ရှိပြီး တစ်ခုစီ အတွက် ပိုမို သင့်လျော်တဲ့ application အခြေအနေ တစ်ခု ရှိပါတယ်။

ဒေတာ ခိုင်မာမှု( data integrity )နှင့် ပြည့်စုံမှု (completeness) စတာတွေနဲ့ ပတ်သက်လာပြီ ဆိုရင်တော့ TCP က UDP ထက် ပိုမို ကောင်းမွန်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ TCP က လက်ခံသူထံသို့ ဒေတာ ပေးပို့မှုကို အာမခံ ထားပြီး ၊ data order က ပေးပို့သူမှ လက်ခံသူထံသို့ ယုံကြည် စိတ်ချစွာ ထားရှိနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ၊ UDP က ၎င်းရဲ့ မြန်နှုန်းကို ဦးစားပေး သတ်မှတ်တာကြောင့် ဒေတာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ် လာစေနိုင်ပါတယ် ။ TCP က ဒေတာ မပို့မီ ယုံကြည်စိတ်ချရသော ချိတ်ဆက်မှု connections တွေကို တည်ဆောက်ပြီး ရည်ရွယ်ထားတဲ့ လက်ခံသူက ဒေတာအပြည့်အစုံကို ရရှိကြောင်း သေချာစေပြီးတော့ UDP က လက်ခံသူထံမှ အတည်ပြုချက် ရှိ/မရှိ ဆိုတာ မလိုအပ်ဘဲနဲ့ UDP မှ ဒေတာ ပေးပို့ပေးမှာပဲ ဖြစ်ပါတယ်။

သို့သော်လည်း UDP ရဲ့ အားသာချက်မှာ ထုတ်လွှင့်မှု အမြန်နှုန်း ( speed of transmission ) ဖြင့် လာပါတယ် ။ UDP က ဒေတာဖလှယ်မှုကို လျင်မြန်စွာ အဆင်ပြေ ချောမွေ့စေကြောင်း အာမခံပြီး TCP က ပို့လွှတ်မှုကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့ အာရုံစိုက်နေချိန်မှာ three-way handshake ပုံစံဖြင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ပါတယ်။ ဒါ့ကြောင့် UDP က ဗီဒီယိုဂိမ်းတွေနှင့် chats တွေ ကဲ့သို့သော အရာတွေမှာ အချိန်နှင့်တစ်ပြေးညီ ဒေတာလိုအပ်တဲ့ အခြေအနေတွေမှာ ပိုမို အားသာချက်ရှိပါတယ်။ ဒါပေမယ့် TCP က ဒေတာအရည်အသွေး(data quality) မြင့်မားဖို့ လိုအပ်သော်လည်း lags (သို့မဟုတ်) buffers တွေ အတွက် နေရာလွတ်ရှိတဲ့ အခြေအနေတွေမှာ ပို၍ အကျိုးရှိစေပါတယ်။ နှစ်ခုကြားက ပိုကောင်းတဲ့ အချက်က data transmission ရဲ့ ရည်ရွယ်ချက်ကို ကျဆင်း သွားစေတာပဲ ဖြစ်ပါတယ်။

Services ပေါ်မှာ အခြေခံထားတဲ့ TCP နှင့် UDP အမျိုးအစားများ

TCP နှင့် UDP ကို မတူညီတဲ့ services အမျိုးအစားတွေမှာ မကြာခဏ အသုံးပြုကြပါတယ်။ ယခင်က TCP ကို အရည်အသွေး မြင့်ပြီး အမှားအယွင်းမရှိ ဒေတာပေးပို့မှု ( error-free data transmission ) သေချာစေဖို့ အတွက် ဖြစ်ပြီး UDP က ဒေတာကို အချိန်နှင့်တစ်ပြေးညီ ( data live and in real-time ) ရှိနေစေဖို့ အတွက် ပိုပြီး သက်ဆိုင်ပါတယ်။
TCP ကို မှီခိုတဲ့ ပုံမှန် services တွေကို အောက်မှာ ဖော်ပြ ပေးထားပါတယ်။

  • World wide web
  • File transfer protocol
  • Email exchanges
  • Text exchanges

ဤအတောအတွင်း၊ UDP ကို ပို၍ အသုံးများသော အရာများ

  • DNS servers
  • Online gaming
  • Video conferencing

SMTP အတွက် SSL Port

ဒေတာပေးပို့ခြင်း(data transmission) နဲ့ ပတ်သက်လာရင် ပထမဆုံး internet service ကတော့ email ပဲ ဖြစ်ပါတယ်။ Mail servers တွေဟာ ပေးပို့သူထံမှ အီးမေးလ် တစ်စောင်ကို လက်ခံ ရရှိသူထံသို့ ပေးပို့ဖို့ Simple Mail Transfer Protocol (SMTP) ကို အသုံးပြု ပါတယ် ။ သတိထားရမယ့် အချက်အလက်တွေ ပါရှိသော အီးမေးလ်တွေကို ပို့ခြင်းဟာ သာမာန် ဖြစ်တာကြောင့်၊ လုံခြုံတဲ့ လွှဲပြောင်းမှုတွေ အတွက် port ကို သိဖို့ အလွန် အရေးကြီးပါတယ်။

ယနေ့ခေတ် စံနှုန်းများတွေမှာ ၊ SMTP အတွက် အသုံးပြုသော SSL Port က Port 587 ပဲ ဖြစ်ပါတယ်။ ၎င်းကို မူရင်းမေးလ်ပေးပို့မှုပို့တ်ဟု ယူဆပါသည်။ သမိုင်းကြောင်း အရ ၊ Port 25 ကို အသုံးပြုခဲ့ သော်လည်း spam ကြောင့် Port 25 ကို ပြည်တွင်း ISP အသီးသီးက ပိတ်ဆို့ထားပါတယ်။

IMAP အတွက် SSL Port

IMAP (သို့မဟုတ်) Internet Message Access Protocol က ပုံမှန် အီးမေးလ် ပြန်လည်ရယူဖို့အတွက် အဓိကအားဖြင့် incoming email protocol တစ်ခုပဲ ဖြစ်ပါတယ် ။ IMAP က messages တွေကို သိမ်းဆည်းထားပြီး သုံးစွဲသူ တစ်ဦးအား အီးမေးလ်တွေက local devices တွေမှာ ထားရှိနေသကဲ့သို့ အဝေးမှ မက်ဆေ့ချ်တွေကို ဝင်ရောက် ကြည့်ရှုခွင့်ပေးပါတယ် ။

SSL အတွက် အသုံးပြုတဲ့ IMAP port က Port 993 ပဲ ဖြစ်ပါတယ် ။ ၎င်းကို IMAP ကို လုံခြုံစွာ အသုံးပြု၍ ချိတ်ဆက်ဖို့ အသုံးပြုပါတယ်။ Port 143 ကို TLS အတွက်လည်း အသုံးပြုပါတယ်။

Reference: GlobalSign

Thetys Co.,Ltd  website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။