VPN ဆိုတာ ဘာလဲ?

VPN (Virtual Private Network) ဆိုတာ ယနေ့ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာတွင် အွန်လိုင်းလုံခြုံရေးနဲ့ တစ်ကိုယ်ရေလွတ်လပ်ခွင့်အတွက် မရှိမဖြစ်အရေးပါတဲ့ နည်းပညာ (ဆော့ဖ်ဝဲလ်)တစ်ခုပဲ ဖြစ်ပါတယ်။ သင်တို့ရဲ့ အင်တာနက်ပေါ်က လုပ်ဆောင်ချက်တွေကို ကာကွယ်ဖို့၊ အချက်အလက်တွေကို လုံခြုံစွာထိန်းသိမ်းဖို့နဲ့ ဆင်ဆာဖြတ်တောက်မှုတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် VPN အသုံးပြုခြင်းဟာများစွာအသုံးဝင်ပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ?

VPN က ကျွန်တော်တို့ရဲ့ အင်တာနက်ချိတ်ဆက်မှုကို လုံခြုံစွာ encrypted ပြုလုပ်ပြီး အခြားဆာဗာတစ်ခုမှတဆင့် ဖောက်သွားစေတဲ့ နည်းပညာဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းက သင်တို့ရဲ့ IP (Internet Protocol) လိပ်စာကို ဖုံးကွယ်ပေးပြီး ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပအန္တရာယ်များက ကာကွယ်ပေးပါတယ်။

VPN အဓိကအကျိုးကျေးဇူးများ

  1. ထိရောက်သော လုံခြုံရေး

ဥပမာ public wifi တွေအသုံးပြုတဲ့အခါ မသမာသော နည်းပညာသမားများ Hacker များနဲ့ အခြားသော ပြင်ပထိုးဖောက်မှုအန္တရာယ်များကို အတိုင်းတာတစ်ခုထိ ကာကွာပေးနိုင်ပါတယ်။

  1. တစ်ကိုယ်ရေလွတ်လပ်ခွင့်

VPN အသုံးပြုခြင်းဖြင့် သင့်အွန်လိုင်းလှုပ်ရှားမှုများကို ဖုံးကွယ်ပေးပြီး ISP (Internet Service Provider e.g., Myanmar Net, 5BB, Fibernet … ) များ၊ ကြော်ငြာရှင်များနဲ့ အခြားသူများက သင့်အချက်အလက်များကို ခြေရာခံခြင်းမှ ကာကွယ်ပေးပါတယ်။

  1. ပထဝီဒေသဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားခြင်း

နောက်ထပ်အသုံးဝင်တဲ့အချက်ကတော့ ပထဝီဝင်ဒေသဆိုင်ရာနေရာများ ကျော်လွှားနိုင်ခြင်းဖြစ်ပါတယ်။ VPN အသုံးပြုသူများက မတူညီသော နိုင်ငံများရဲ့ ဆာဗာများမှတဆင့် ချိတ်ဆက်နိုင်ပြီး ဒေသအလိုက် ကန့်သတ်ထားသော ဝန်ဆောင်မှုများ၊ အကြောင်းအရာများကို ရယူအသုံးပြုနိုင်ပါတယ်။ ဥပမာ တချို့နိုင်ငံများတွေမှာ Facebook, Tiktok နဲ့ YouTube လိုမျိုး social media တွေကိုအသုံးပြုမှူ ကန့်သတ်ထားပါတယ်။ ဒီလိုကန့်သတ်မှူတွေကို VPN အသုံးပြုခြင်းဖြင့်ကျော်လွှားနိုင်ပါတယ်။

ဘယ် VPN တွေကအကောင်းဆုံးလဲ?

which VPN packages is best?

ကမ္ဘာတစ်ဝှမ်းမှာ VPN အမျိုးအစားပေါင်း ရာနဲ့ချီရှိပါတယ်။ သို့သော်လည်း ဈေးနှုန်း၊ နေရာဒေသနဲ့ ပါဝင်တဲ့ စနစ်တွေပေါ်မူတည်ပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ VPN ကိုပဲရွေးချယ်သင့်ပါတယ်။ Free အသုံးပြုလို့ရတဲ့ VPN တွေနဲ့ပက်သတ်ပြီး မြန်မာနိုင်ငံ အပါအဝင် Asia နိုင်ငံတော်တော်များများမှာတော့ အောက်ပါ VPN တွေအသုံးများကြောင်းတွေ့ရှိရပါတယ်။

  1. Proton VPN
  2. Windscribe VPN
  3. Hide.me VPN
  4. Hotspot Shield
  5. Turbo VPN
  6. Thunder VPN
  7. VeePN

Microsoft 365 နဲ့ အခြားသော Products များအကြောင်းစိတ်ဝင်စားပါက ကျွန်တော်တို့ ကို 24/7  ဆက်သွယ် နိုင်ပါတယ်။