productivity software တွေရဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုမှုပုံစံအရ  Microsoft 365 vs Office 365 တို့ကြားက ကြီးမားတဲ့ ကွာခြားချက်တွေကို နားလည်ဖို့ အရေးကြီးပါတယ်။ Microsoft 365 နဲ့ Office 365 တို့ရဲ့ ရည်ရွယ်ချက်၊ subscription ပုံစံ၊ အသုံးပြုနိုင်မှုနဲ့ update ရရှိမှုအပြင်၊ ဘယ်ဟာကို ရွေးသင့်လဲဆိုတာကို သေချာရွေးချယ်နိုင်ဖို့ အချက်အလက်တွေကို ဖော်ပြပေးပါမယ်။

Microsoft 365 vs Office 365

Microsoft 365 ဆိုတာဘာလဲ?

Microsoft 365 သည် Microsoft ကတီထွင်တဲ့ cloud-based subscription service ဖြစ်ပြီး လစဉ် သို့မဟုတ် နှစ်စဉ် subscription အတိုင်း ပေးချေရပြီး နောက်ဆုံးထွက် Office 365 apps များကို အသုံးပြုခွင့်ရပါတယ်။ မိမိ device အများကြီးမှာ တပြိုင်နက် install လုပ်ပြီးအသုံးပြုနိုင်ခြင်း၊ cloud storage နှင့် collaboration tools များပါဝင်ပြီး အသုံးပြုသူတွေ အချင်းချင်း ဖိုင်တွေကို တစ်ပြိုင်နက် ပြင်ဆင်နိုင်ခြင်း၊ မိမိ၏အချက်အလက်တွေကို ဘေးကင်းစေဖို့ security update တွေကို အလိုအလျောက် ထည့်သွင်းပေးခြင်းတို့ ပါဝင်သည်။

Microsoft 365 ၏ ထူးခြားချက်များ

  • Word, Excel, PowerPoint, Outlook, OneNote စတဲ့ apps များကို နောက်ဆုံးဗားရှင်းအသုံးပြုနိုင်ခြင်း

  • OneDrive cloud storage (အနည်းဆုံး 1 TB) ပါဝင်ခြင်း

  • Microsoft Teams, SharePoint စသည့် collaboration tools တွေဖြင့် အဖွဲ့လိုက်အလုပ်လုပ်နိုင်ခြင်း

  • PC, Mac, tablet, smartphone စသည့် အမျိုးမျိုးသော devices ပေါ်တွင် တပြိုင်နက် အသုံးပြုနိုင်ခြင်း

  • နောက်ဆုံး feature update များ၊ security patch များကို အလိုအလျောက် ရရှိခြင်း

Office 365 (One-Time Purchase) ဆိုတာဘာလဲ?

Office ဆိုတာကတော့ subscription မလိုအပ်ပဲ တစ်ကြိမ်ပဲ ဝယ်ယူရတဲ့ software package ဖြစ်ပြီး Office 2019 သို့မဟုတ် Office 2021 လို့လည်းခေါ်ပါတယ်။ ဒီမှာ သာမန်အသုံးပြုသူတွေ သို့မဟုတ် cloud service မလိုအပ်တဲ့သူတွေ အတွက် သင့်တော်ပါတယ်။ ပုံမှန်အားဖြင့် တစ် device အတွက်သာ install လုပ်နိုင်ပြီး နောက်ဆုံး feature update မရရှိပါဘူး။ အဲဒီတော့ ဝယ်ပြီးရင် တာရှည်ပိုင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်။

Office One-Time Purchase ၏ ထူးခြားချက်များ

  • Word, Excel, PowerPoint, Outlook စတဲ့ core apps များ ပါဝင်ခြင်း

  • တစ်ကြိမ်ပဲ ဝယ်ရုံဖြင့် perpetual license ရရှိခြင်း

  • နောက်ဆုံး feature update မရရှိပေမဲ့ security update သာ လက်ခံရရှိခြင်း

  • cloud storage မပါဝင်ခြင်း

  • တစ် device တည်းအတွက်သာ အသုံးပြုနိုင်ခြင်း

Microsoft 365 vs Office 365 ကြား ကွာခြားချက်များ

Feature Microsoft 365 Office (One-Time Purchase)
Pricing Model လစဉ် သို့မဟုတ် နှစ်စဉ် subscription, flexible payment plans ရှိသည် တစ်ကြိမ်ပဲ ဝယ်ယူရုံဖြင့် perpetual license ရရှိသည်
Software Updates နောက်ဆုံး features update များ၊ security patches များကို အလိုအလျောက်ရရှိသည် security updates သာ ရရှိပြီး၊ major feature update မရရှိပါ
Cloud Storage OneDrive 1 TB စတင်ပြီး cloud storage ပါဝင်သည် cloud storage မပါဝင်၊ local storage သာ အသုံးပြုနိုင်သည်
Multi-Device Installation PC, Mac, tablets, smartphones အပေါ် 5 devices အထိ တပြိုင်နက်အသုံးပြုနိုင်သည် တစ် device တစ်လုံးအတွက်သာ သတ်မှတ်ထားပြီး အသုံးပြုနိုင်သည်
Collaboration Features Microsoft Teams, SharePoint, real-time co-authoring, online meetings ပါဝင်သည် collaboration tools မပါဝင်၊ offline အသုံးပြုမှုသာ ဖြစ်သည်
New Apps & Features အသစ်ထွက်လာသော apps နှင့် features များကို subscription သက်တမ်းအတွင်း အခမဲ့ အသုံးပြုနိုင်သည် ဝယ်ပြီးနောက် အသစ်ထွက်လာသော apps မပါဝင်၊ ရှိပြီးသား apps သာ အသုံးပြုနိုင်သည်
Support Microsoft support အခမဲ့နှင့် premium support ရရှိနိုင်သည် (subscription အလိုက်) ဝယ်ပြီးနောက် support အချိန်ကန့်သတ်ရှိပြီး အကူအညီနည်းပါးသည်
Installation Method Online installer သုံးပြီး လွယ်ကူစွာ update နှင့် install ပြုလုပ်နိုင်သည် DVD သို့မဟုတ် offline installer ဖြင့်တစ်ကြိမ်သာ install လုပ်ရသည်
License Flexibility စီးပွားရေးအတွက် စိတ်ကြိုက် လုပ်ငန်းအမျိုးမျိုးအတွက် plan များ ရွေးချယ်နိုင်သည် တစ်ခုတည်းသော license ဖြစ်ပြီး လုပ်ငန်းအမျိုးမျိုးအတွက် မသင့်တော်နိုင်ပါ
Internet Requirement အများစုသော features တွင် အင်တာနက်လိုအပ်သည်၊ offline mode ပါဝင်သည် အင်တာနက်မလိုအပ်ဘဲ offline mode နဲ့ တည်ငြိမ်စွာ အသုံးပြုနိုင်သည်
Best For အသစ်ထွက်လာသော နည်းပညာများကို လျင်မြန်စွာ အသုံးချလိုသူများ၊ cloud collaboration လိုအပ်သူများ subscription မလိုသည့် offline အသုံးပြုသူများ၊ device တစ်ခု သာ အသုံးပြုမယ့်သူများ

Microsoft 365 ရဲ့ အားသာချက်များ

  • အလိုအလျောက် update များဖြင့် အမြဲတမ်းနောက်ဆုံး version ကိုအသုံးပြုနိုင်ခြင်း

  • Cloud storage မှတဆင့် ဖိုင်များကို မည်သည့်နေရာမှမဆို လွယ်ကူစွာ ရယူနိုင်ခြင်း

  • Microsoft Teams, SharePoint စသည့် collaboration tools များကြောင့် အဖွဲ့လိုက် အလုပ်လုပ်ရာတွင် အထောက်အကူဖြစ်ခြင်း

  • အသစ်ထွက်လာသော Microsoft apps များကိုလည်း အသုံးပြုခွင့်ရှိခြင်း

Office 365 (One-Time Purchase) ရဲ့ အားသာချက်များ

  • subscription fees မရှိဘဲ တစ်ကြိမ်ပဲ ငွေပေးချေရုံဖြင့် အသုံးပြုနိုင်ခြင်း

  • Internet ချိတ်ဆက်မှုမလိုအပ်ဘဲ software ကို လက်ခံပိုင်ဆိုင်နိုင်ခြင်း

  • ရိုးရှင်းသော အသုံးပြုမှုနဲ့ လျှပ်စစ်ဓာတ်အား မပြတ်တမ်း အသုံးပြုလိုသူများအတွက် သင့်တော်ခြင်း

ဘယ်ဟာကို ရွေးသင့်လဲ?

  • သင့်လုပ်ငန်း သို့မဟုတ် ပုဂ္ဂိုလ်ရေး လိုအပ်ချက်အရ cloud service နဲ့ collaboration လိုချင်ရင် Microsoft 365 သင့်တော်ပါတယ်။

  • subscription မလိုအပ်ဘဲ တစ်ကြိမ်ပဲ ဝယ်ပြီး အသုံးပြုချင်သူများအတွက် Office ကပိုသင့်တော်ပါတယ်။

  • စီးပွားရေးအဖွဲ့အစည်းများအတွက် collaboration နဲ့ scalability ရရှိမယ့် Microsoft 365 ပိုကောင်းပါတယ်။

  • နည်းနည်းသာ အသုံးပြုသူများ၊ ဘတ်ဂျက်နည်းသူများအတွက် Office လုံလောက်ပါတယ်။

Microsoft 365 ရဲ့ features နဲ့ plans တွေကို အသေးစိတ် သိရှိချင်ရင် အောက်ပါ Microsoft 365 website ကို သွားကြည့်နိုင်ပါသည်။

Microsoft 365 နဲ့ အခြားသော Products များအကြောင်းစိတ်ဝင်စားပါက သို့မဟုတ် ပိုမို သိရှိလိုပါက Thetys Myanmar သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။
reference websiteFusion Solution