Copilot Free သည် Microsoft က ဖန်တီးထားသော အခမဲ့ AI အကူအညီကိရိယာဖြစ်ပြီး၊ မေးခွန်းများကို ဖြေဆိုခြင်း၊ စာသားများကို ရေးသားပြင်ဆင်ခြင်း၊ ပုံများ ဖန်တီးခြင်းနှင့် ပုံမှန်ဘာသာစကားဖြင့် စကားပြောနိုင်ခြင်းကဲ့သို့သော လုပ်ဆောင်ချက်များကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ပါသည်။ထို့အပြင် GPT-4 နှင့် GPT-4 Turbo ကို Peak မဟုတ်သောအချိန်များတွင် အသုံးပြုနိုင်ခြင်းသည်လည်း ထူးခြားသည့်အချက်တစ်ခုဖြစ်ပါသည်။

Copilot Free

Copilot Free ကို ဘယ် Platform တွေမှာ အသုံးပြုလို့ရသလဲ?

Platform အသုံးပြုနိုင်မှု
Windows စက်ပေါ်တွင် တိုက်ရိုက် အသုံးပြုနိုင်ခြင်း
macOS Mac မှာ အသုံးပြုနိုင်ခြင်း
Android မိုဘိုင်းဖုန်းမှာ အသုံးပြုနိုင်ခြင်း
iOS iPhone, iPad တွေမှာ အသုံးပြုနိုင်ခြင်း
Web Browsers Edge, Chrome စတဲ့ Browser များတွင် အသုံးပြုနိုင်ခြင်း

အခမဲ့ Copilot ရဲ့ အဓိက Features များ

fearutes ဖော်ပြချက်
Conversational AI မေးမြန်းလိုက်တာကို ရိုးရှင်းတိကျတဲ့ အဖြေများပေးနိုင်ခြင်း
GPT-4 & GPT-4 Turbo Non-peak အချိန်တွင် အဆင့်မြင့် AI မော်ဒယ်များကို အသုံးပြုနိုင်ခြင်း
Image Generation Microsoft Designer ဖြင့် တစ်နေ့လျှင် ၁၅ ကြိမ်အထိ ပုံဖန်တီးနိုင်ခြင်း
Voice Input စာရိုက်ခြင်းမလုပ်ဘဲ အသံဖြင့် စကားပြော၍ AI ကို မေးမြန်းနိုင်ခြင်း
Plugin Support Third-party tools ဖြင့် လုပ်ဆောင်ချက်များ ထပ်မံချဲ့ထွင်နိုင်ခြင်း
Multi-modal Inputs စာသား၊ အသံ၊ ပုံများဖြင့် မေးမြန်းနိုင်ခြင်း

အခမဲ့ Copilot တွင်မပါဝင်သည့် အချက်များ

  • Microsoft Office apps (Word, Excel, PowerPoint) အတွင်း Copilot အဖြစ် အသုံးမပြုနိုင်ပါ

  • Peak hours (စားရိတ်များတဲ့ အချိန်) တွင် စွမ်းဆောင်ရည် ကန့်သတ်မှုရှိနိုင်ပြီး အဟောင်း AI မော်ဒယ်သို့ ပြောင်းလဲသွားနိုင်သည်

  • Copilot Pro နှင့် နှိုင်းယှဉ်လျှင် ပုံဖန်တီးမှု အရေအတွက်နည်းပါးခြင်း

အခမဲ့ Copilot အသုံးပြုနိုင်တဲ့ လုပ်ငန်းများ (Use Cases)

နယ်ပယ်/လုပ်ငန်း အသုံးပြုနိုင်မှု ဥပမာများ
ပညာရေး သုတေသနစာတမ်းရေးခြင်း၊ စာမေးပွဲအတွက် အကြောင်းအရာ အကျဉ်းချုပ်ရေးခြင်း Thesis မူကြမ်း၊ Study notes
ဖန်တီးမှု Blog, Email, ကဗျာ၊ သီချင်းစာသားရေးခြင်း SEO အတွက် ခေါင်းစဉ်ရွေးခြင်း, Email Template
စီးပွားရေးနှင့် အလုပ်အကိုင် CV, Cover Letter, Business Proposal, SWOT Analysis, Marketing Copy အလုပ်လျှောက်စာ, စီးပွားရေးအစီအစဉ်
နည်းပညာ Programming Code, Troubleshooting Guide, GitHub Multi-file Editing Code snippets, Bug fixes
သတင်းအချက်အလက်ရှာဖွေမှု နောက်ဆုံးပေါ်သတင်းများ ရှာဖွေဖတ်ရှုခြင်း၊ မေးခွန်းဖြေရှင်းခြင်း Research, Data gathering

အခမဲ့ Copilot နှင့် Copilot Pro အကြား ကွာခြားချက်များ

အချက် Copilot Free Copilot Pro
အသုံးပြုခွင့် အခမဲ့ လစဉ်ကြေးပေးပြီး အဆင့်မြင့် features အသုံးပြုနိုင်ခြင်း
AI မော်ဒယ်အသုံးပြုမှု GPT-4, GPT-4 Turbo (non-peak only) GPT-4, GPT-4 Turbo (priority access)
ပုံဖန်တီးမှု တစ်နေ့လျှင် ၁၅ ကြိမ် ပိုများသော ပုံဖန်တီးမှုအရေအတွက်
Microsoft 365 Integration မပါ Microsoft 365 Apps တွင် အသုံးပြုနိုင်ခြင်း
စွမ်းဆောင်ရည် Peak hours တွင် ကန့်သတ်မှုရှိ ပိုမြန်ဆန်ပြီး တည်ငြိမ်မှုရှိ

နိဂုံးချုပ်

အခမဲ့ Copilot သည် Microsoft မှ တီထွင်ထားသော အခမဲ့ AI ကူညီရေးကိရိယာဖြစ်ပြီး၊ ပညာရေး၊ စီးပွားရေး၊ နည်းပညာနှင့် ဖန်တီးမှုလုပ်ငန်းအမျိုးမျိုးတွင် ထိရောက်စွာ အသုံးပြုနိုင်ပါသည်။ မေးခွန်းဖြေဆိုခြင်း၊ စာသားရေးခြင်း၊ ပုံဖန်တီးခြင်း နှင့် ပုံမှန်ဘာသာစကား ဖြင့် စကားပြောခြင်း စသည့် လုပ်ဆောင်ချက်များကို လွယ်ကူမြန်ဆန်စွာ ပြုလုပ်ပေးနိုင်ပြီး၊ Windows, macOS, Android, iOS နှင့် Web browser များတွင် အသုံးပြုနိုင်သဖြင့် သုံးစွဲသူအမျိုးမျိုးအတွက် အထူးသင့်တော်သည်။ Copilot Pro ၏ အဆင့်မြင့် feature များလိုအပ်ပါက လစဉ်ကြေး ဖြင့် ပြောင်းလဲအသုံးပြုနိုင်ပေမယ့် အခမဲ့ Copilot ကလည်း နေ့စဉ် လိုအပ်ချက်များအတွက် လုံလောက်စွာ အကူအညီပေးနိုင်ပါသည်။

Microsoft အခမဲ့ Copilot သုံးစွဲနည်းအကြောင်း တရားဝင်မျက်နှာပြင်

ဒီ link မှာ အခမဲ့ Copilot  ကို ဘယ် apps တွေနဲ့ သုံးနိုင်လဲ၊ Feature ဘယ်လောက်ပါလဲ ဆိုတာများကို တိတိကျကျ ရှင်းပြပေးထားပါတယ်။

Microsoft 365 နဲ့ အခြားသော Products များအကြောင်းစိတ်ဝင်စားပါက သို့မဟုတ် ပိုမို သိရှိလိုပါက Thetys Myanmar သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။

reference websiteFusion Solution

Related Articles