September 30, 2025 က စတင်ပြီး OpenAI က Sora App ထဲမှာ Parental Controls ထည့်သွင်းပေးလိုက်ပါပြီယခုအနည်းဆုံး ChatGPT သုံးစွဲသူအားလုံးအတွကရနိုင်ပြီး မိဘများအနေဖြင့် အရွယ်မရောက်သေးသူများ ကလေးသူငယ်များ  သားသမီးအကောင့်တွေနဲချိတ်ဆက်ကာ ပေါ်ပြူလာ feed control, DM ခွင့်အပြောင်းအလဲ, Infinite scroll ကန့်သတ်မှု စတဲလုံခြုံရေးပြင်ဆင်ချက်တွေကို ထိန်းချုပ်နိုင်ပါတယ်။ 

OpenAI Parental Controls

အုပ်ထိန်းသူတွေအနေနဲ့ ဘာတွေ Control လုပ်နိုင်မလဲ? 

  • Feed personalization ပိတ်နိုင်ခြင်း – Teen များအတွက် အလိုအလျောက်တိကျတဲ့ feed မဟုတ်ပဲ သဘာဝကျတဲ့ content များသာ မြင်ရမယ်။ 
  • Direct Messages ထိန်းချုပ်ခြင်း – သားသမီး DM ပေးပို့/လက်ခံနိုင်မလားဆိုတာကို မိဘဘက်ကဆုံးဖြတ်နိုင်မယ်။ 
  • Scrolling ကန့်သတ်မှု – Doomscrolling မဖြစ်စေရန် uninterrupted feed ကို ပိတ်နိုင်မယ်။ 
  • Quiet Hours သတ်မှတ်ခြင်း – သတ်မှတ်အချိန်အတွင်း ChatGPT အသုံးမပြုနိုင်အောင် လိုက်လျောညှိနိုင်မယ်။ 
  • Voice Mode, Memory, Image Generation ပိတ်နိုင်ခြင်း – Teen များအတွက် မသင့်တော်တဲ့ feature တွေကို မိဘဘက်က အလိုရှိသလို ပိတ်နိုင်မယ်။ 
  • Opt out of Model Training – သားသမီး conversations များကို ChatGPT AI Training အတွက် မသုံးစေချင်ရင် အလွယ်တကူ opt out လုပ်နိုင်မယ်။ 

Blog_Static_Invite_screen_1080x1080

Teen Accounts အတွက် Stronger Safeguards 

Account ချိတ်ဆက်ပြီးတဲ့အခါ Teen account တွေမှာ graphic content, sexual/violent roleplay, viral challenges, extreme beauty ideals စတဲ့ sensitive content များကို အလိုအလျောက် ကာကွယ်ပေးမယ်။ မိဘက အလိုရှိရင်သာ ပိတ်ထားတဲ့ ကာကွယ်မှုတွေကို ဖြည့်နိုင်မယ်။ 

Blog_Static_Controls_screen_1080x1080

Wellbeing & Emergency Protection 

OpenAI က teen များအနေအထားကို စောင့်ကြည့်ဖို့ notification system အသစ် ထည့်ထားပါတယ်။ ChatGPT က self-harm စိတ်ကူး အလားအလာတွေကို detect လုပ်ပါက trained human moderators တစ်ဖွဲ့က ချက်ချင်း စစ်ဆေးပြီး မိဘထံ email, SMS, push notification ဖြင့် အကြောင်းကြားမယ်။ လိုအပ်ခဲ့ရင် တာဝန်ရှိသော emergency service များထံလည်း ဆက်သွယ်ပေးမယ်။ 

Blog_Static_Safety_Notifications_1080x1080

Resource Page & Future Plans 

OpenAI က Parent Resource Page အသစ် ထုတ်ထားပြီး ChatGPT ကို သားသမီးနဲ့အတူအသုံးချသည့် မိဘများအတွက် လေ့လာဖို့ အရေးကြီးတဲ့အချက်တွေ၊ creativity အတွက် သုံးနိုင်မည့် နည်းလမ်းတွေ၊ စည်းကမ်းထားနိုင်မည့် Guide တွေ ပါဝင်မယ်။ 

နောက်လာမည့်လအတွင်းမှာတော့ Age Prediction System တည်ဆောက်မယ်လို့ ကြိုတင်ပြောထားပြီး အသုံးပြုသူအသက် 18 အောက် ဖြစ်နိုင်ချေရှိရင် အလိုအလျောက် Teen Protection Settings ထပ်မံချိတ်ဆက်ပေးမယ်။ 

 

အကျဉ်းချုပ် 

OpenAI Parental Controls သည် မိဘများအတွက် သားသမီးများ ChatGPT အသုံးပြုမှုကို လုံခြုံစွာ ထိန်းချုပ်နိုင်မည့် အသစ်ထွက် feature ဖြစ်ပြီး၊ Family တစ်ခုလုံးအတွက် AI ကို စိတ်ချယုံကြည်စွာ သုံးနိုင်စေမယ့် တိုက်ရိုက်အကျိုးရှိတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။