အခက်အခဲများပြီး ရှုပ်ထွေးတဲ့  coding အလုပ်ကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့၊ AI tools တွေက Developer များအတွက် မဖြစ်မနေလိုအပ်လာပါပြီ။ ထိုကဲ့သို့ tools တွေထဲကမှ GitHub Copilot ဟာ Microsoft ရဲ့ AI-powered coding assistant တစ်ခုအဖြစ် နာမည်ကြီးလာပါတယ်။ သို့သော် GitHub Copilot ကိုအသုံးပြုဖို့အတွက် plan အမျိုးမျိုး ရှိနေပါတယ်။ အဲ့ဒီ GitHub Copilot Plans တွေကို အကျဉ်းချုပ်ဖော်ပြမယ့်အစား၊ သင့်အတွက် သုံးစွဲသူအမျိုးအစားအလိုက် အသေးစိတ်ရွေးချယ်နိုင်အောင် ရှင်းပြသွားမှာဖြစ်ပါတယ်။ 

GitHub Copilot Plans

GitHub Copilot ဆိုတာဘာလဲ? 

GitHub Copilot သည် OpenAI GPT-4 ကိုအခြေခံပြီး Code ရေးသားရာတွင် Developer များကို Auto-suggestion များ၊ function ထည့်ခြင်းများ၊ documentation ပြုလုပ်ခြင်း၊ Test case တစ်ခုလုံး ရေးနိုင်ခြင်းထိ အထောက်အကူပြုနိုင်ပါတယ်။ Visual Studio Code, JetBrains IDE များ၊ Neovim စသော tools များတွင်အသုံးပြုနိုင်ပြီး JavaScript, Python, TypeScript, Go, Ruby, C#, Java, PHP စတဲ့ ဘာသာစကားအမျိုးမျိုးကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ 

 

GitHub Copilot Plans များကို တစ်ခုချင်းဖော်ပြခြင်း 

  1. GitHub Copilot for Individuals

အကယ်လို့ သင်က freelance developer တစ်ဦးဖြစ်လျှင် Individual Plan က သင့်အတွက် အသင့်တော်ဆုံး နဲ့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။ 

  • အဓိက Features 
    • Code suggestion & auto-completion 
    • Tab-based inline suggestion 
    • AI-powered function generation 
    • IDE integration: VS Code, JetBrains, Neovim 
    • Context-aware suggestions 
  • 💰 စျေးနှုန်း 
    • $10/month သို့မဟုတ် $100/year 
    • 30-day Free Trial (နမူနာအသုံးပြုနိုင်ခြင်း) 
  1. GitHub Copilot for Business

လုပ်ငန်းအဖွဲ့တစ်ခုအတွင်း Developer team အတွက်တော့ Business Plan က ပိုမိုသင့်လျော်ပါသည်။ 

  • 🛠 အဓိက Features 
    • Identity & access control via GitHub Teams 
    • Centralized Billing System 
    • Admin Panel for license distribution 
    • Public Code Filter (Sensitive code နဲ့ Similar code များရှောင်ရန်) 
    • Suggestion Telemetry & Privacy Toggle 
  • 💰 စျေးနှုန်း 
    • $19/user/month 

 

Business Plan ဝယ်ရန် စဉ်းစားသင့်သူများ 

  • Mid-size to Large Software Development Teams 
  • IT Departments & In-house DevOps Teams 

 

  1. GitHub Copilot for Enterprise (Coming Soon)

Enterprise-Level လုပ်ငန်းအတွက် Microsoft GitHub က ပိုမိုအဆင့်မြင့်သော features များ ပါဝင်တဲ့ Plan ကို မကြာမီမိတ်ဆက်တော့မှာဖြစ်ပါတယ်။ 

  • 🔐 မျှော်လင့်ထားနိုင်သော Features 
    • Business plan တွင် ပါဝင်သော features များ 
    • နောက်ဆုံးပေါ် AI model များ အသုံးပြုနိုင်ခြင်း (including Claude Opus 4, o3, နှင် အခြား latest model များ) 
    • 3 ဆ ပိုမိုမြန်ဆန်သော premium request များ အသုံးပြုနိုင်ခြင်း 
  • 💰 စျေးနှုန်း 
    • $39/user/month 

 

Student & Open Source Contributor များအတွက် Free Plan 

GitHub Student Developer Pack ကို အသုံးပြုသူများအတွက် GitHub Copilot ကို အခမဲ့အသုံးပြုခွင့် ရရှိနိုင်သည်။ ထို့ပြင် အများပြည်သူသုံးနိုင်သော open-source repos များတွင် Contributor အနေနဲ့ ပါဝင်နေသူများအတွက်လည်း Copilot ကို အခမဲ့သုံးနိုင်ပါသည်။ 

  • 🎓 Eligibility 
    • Active university email (for students) 
    • GitHub Public Project Contributions (for contributors) 

 

Plan Comparison Table 

Feature  Individual  Business  Enterprise 
Monthly Price  $10  $19/user  $39/user 
IDE Integration  ✅  ✅  ✅ 
Admin Management  ❌  ✅  ✅ 
Public Code Filtering  ❌  ✅  ✅ 
Centralized Billing  ❌  ✅  ✅ 
Security & Compliance Tools  ❌  Limited  Full Support 

 

GitHub Copilot Plans များအကြောင်း တင်ပြချက်အကျဉ်း 

GitHub Copilot သည် Developer များအတွက် code ရေးခြင်း၊ bug ဖြေရှင်းခြင်း၊ logic အတွေးအခေါ်များကို တစ်ဆင့်တည်းမှာပင် အလွယ်တကူပြုလုပ်နိုင်စေတဲ့ AI assistant တစ်ခုဖြစ်ပါတယ်။ သင်သည် Freelance Developer ဖြစ်စေ၊ Software Company တစ်ခုအတွင်းတာဝန်ရှိသူဖြစ်စေ၊ သင့်အဖွဲ့အတွက်အကောင်းဆုံး GitHub Copilot Plans ကို ရွေးချယ်နိုင်ဖို့ ဒီအချက်အလက်များက အထောက်အကူဖြစ်မည်ဖြစ်သည်။ 

 

သင်ဟာ Microsoft Solution Partner တစ်ခုနှင့်ချိတ်ဆက်ပြီး GitHub Copilot Plan များကို License များဖြင့်ဝယ်ယူလိုပါက၊ Thetys ကို ဆက်သွယ်နိုင်ပါတယ်။ သင့်လိုအပ်ချက်အတိုင်း လမ်းညွှန်ပေးနိုင်တဲ့ Local Microsoft Partnerer တစ်ခု ဖြစ်ပါတယ်။ 

Microsoft 365 နဲ့ အခြားသော Products များအကြောင်းစိတ်ဝင်စားပါက သို့မဟုတ် ပိုမို သိရှိလိုပါက Thetys Myanmar သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။

reference website : Fusion Solution, Fusion Solution Vietnam

Related Articles

Fusionsol blog in Vietnamese