Microsoft က Excel မှာ နောက်ထပ် feature အသစ်တစ်ခုအဖြစ် Copilot() Function ကို ထုတ်လွှင့်လိုက်ပါတယ်ဒီ AI-powered Function အသစ်ဟာ Excel ရဲ့ Cell ထဲမှာ တိုက်ရိုက် built-in လုပ်ထားတဲအစွမ်းထက် AI ဖြစ်ပြီး Data Analysis, Classification, Summary စတာတွေကို သာမာန် စကား (Natural Language) နဲအလွယ်တကူ လုပ်ဆောင်နိုင်စေပါတယ်။ 

Copilot() Function

Copilot() Function ဆိုတာဘာလဲ? 

Copilot() Function ရဲ့ အဓိကဟာ Formula =COPILOT() ပါ။
အသုံးပြုသူက Natural Language (မြန်မာ/အင်္ဂလိပ် စကား) နဲ့ ရိုက်ထည့်ပေးလိုက်တာနဲ့ GPT-4.1-mini model က process လုပ်ပြီး Excel Cell ထဲမှာ တိုက်ရိုက် အဖြေ ပြန်ပေးပါတယ်။ 

✔ Input – Natural Language Command + Cell Reference
✔ Output – Formula, Summary, Table, Classification
✔ Auto update – Data ပြောင်းလဲတိုင်း အဖြေကို အလိုအလျောက် Refresh 

 

ဥပမာအသုံးပြုပုံ 

=COPILOT(“Classify this feedback”, D4:D18)
 

ဒီစကားရပ်လေးတစ်ကြောင်းနဲ့ပဲ Excel က D4 မှ D18 ထဲက Feedback တွေကို
Positive / Negative / Neutral ဆိုပြီး အလိုအလျောက် ခွဲပေးနိုင်ပါတယ်။ 

 

အသုံးပြုနိုင်သည့် Use Cases 

  • 🏷 Customer Feedback Classification → အမြန်ဆုံး Positive / Negative / Neutral သတ်မှတ်ပေး 
  • 📊 Summary → “Summarize sales trends by region” လို စကားပြောလိုပဲ ရေးရုံနဲ့ အကျဉ်းချုပ် ထုတ်ပေးနိုင် 
  • 🧹 Data Extraction → messy data ထဲက Phone Number, Email, Category တို့ကို ထုတ်ယူပေးနိုင် 
  • 🔗 Formula Integration → IF(), LAMBDA(), WRAPROWS() တို့နဲ့ပေါင်းပြီး Workflow အားကောင်းစေ 

 

Copilot() Function ရဲ့ အကျိုးကျေးဇူး 

  • Native Integration – Excel ထဲမှာ တိုက်ရိုက် built-in, Result ကို Dynamic Update 
  • 💬 Natural Language Input – Formula မကျွမ်းကျင်သူတွေလည်း စကားပြောလိုပဲ သုံးနိုင် 
  • Time Efficiency – Data Cleaning, Formatting အချိန်များ လျော့ချနိုင် 
  • 🔒 Privacy – User Input ကို Training Data အဖြစ် မသုံး 
  • 🔄 Flexible – Standard Excel Function တွေနဲ့ အလွယ်တကူပေါင်းသုံးနိုင် 

 

အရေးကြီးတဲ့ ကန့်သတ်ချက်များ 

ကန့်သတ်ချက်  ဖော်ပြချက် 
🌐 အပြင် Data မသုံးနိုင်  Excel Sheet ထဲက Data သာ အသုံးပြုနိုင် 
Usage Limit  ၁၀ မိနစ်အတွင်း Usage အများဆုံး ၁၀၀ ကြိမ် 
📉 Numerical Accuracy မလုံလောက်  ငွေကြေး၊ စည်းမျဉ်းအခြေခံ Calculation အတွက် မသင့် 
🪪 Copilot License လိုအပ်  Microsoft 365 Copilot Subscription (Beta Channel) အတွက်သာ သုံးနိုင် 

 

ဘာကြောင့် ဂရုစိုက်ဖို့ အရေးကြီးသလဲ? 

အရင်က Excel ကို သုံးတဲ့အခါ formula တွေကို တိကျစွာ ရိုက်ထည့်ရပြီး အချိန်စားခဲ့ပါတယ်။
အခုတော့ =COPILOT() နဲ့ Excel ကို Formula-based Tool မှ Language-based Tool အဖြစ် ပြောင်းပေးလိုက်ပါပြီ။ 

👉 နည်းပညာမကျွမ်းကျင်သူတွေလည်း စကားလုံးနဲ့ပဲ Data Analysis / Idea Brainstorming / Feedback Summary တွေ လုပ်နိုင်သလို Developer တွေအတွက်လည်း Workflow တိုက်ရိုက်တိုးတက်စေပါတယ်။ 

 

အသုံးပြုနည်း Example များ

1. Customer Feedback Labeling 

=COPILOT(“Label these as Positive, Negative, or Neutral”, B2:B50)

2. Sales Summary 

=COPILOT(“Summarize total sales by region”, D2:D200)

3. Extract Phone Numbers 

=COPILOT(“Extract phone numbers from these notes”, A2:A100)

4. Brainstorm Product Names 

=COPILOT(“Suggest 10 product names for a new fitness app”)

 

Google Sheets AI Tool နဲ့ နှိုင်းယှဉ်မှု 

အချက်  Excel Copilot  Google Sheets Explore 
Integration  Built in Formula =COPILOT()  Sidebar Suggestion 
Input  Natural Language in Cell  Explore Box မှာ ရိုက် 
Result  Dynamic Update in Cell  Visual Suggestion Only 
Flexibility  IF, LAMBDA နဲ့ ပေါင်းသုံးနိုင်  Limited Customization 
Availability  Microsoft 365 Copilot (Beta)  Google Workspace 

➡️ ဆိုတော့ Excel Copilot Function ဟာ Excel Workflow ထဲမှာ တိုက်ရိုက် အသုံးဝင်ပြီး Google Sheets Explore ထက် ပိုပြီး Dynamic & Flexible ဖြစ်ပါတယ်။ 

 

နိဂုံးချုပ် 

Excel Copilot() Function က Microsoft နဲ့ OpenAI ရဲ့ GPT-4.1-mini တို့ပေါင်းစပ် တည်ဆောက်ထားပြီး Natural Language နဲ့ Excel ကို အသုံးချနိုင်တဲ့ အခွင့်အလမ်း အသစ်တွေ ဖန်တီးပေးပါတယ်။ 

✔ Feedback Classification
✔ Sales Summary
✔ Data Cleaning
✔ Brainstorming 

တစ်ခုထဲနဲ့ အားလုံးကို Auto Update, Dynamic Integration နဲ့ ဆောင်ရွက်နိုင်မယ့် AI-powered Formula အသစ်ပဲ ဖြစ်ပါတယ်။