UI/UX ဆိုတာဘာလဲ ?

UI/UX ဆိုတာ လွယ်လွယ်နဲ့ အရှင်းဆုံး ဖော်ပြရရင်တော့ app တခုကို စတင်သုံးစွဲတဲ့အခါ app ပေါ်မှာမြင်နေရတဲ့ အရာအားလုံးကို UI/UX လို့ခေါ်ပါသည်။User Interface နှင့် User Experience ဟူ၍ အပိုင်း 2 ပိုင်း ရှိပါသည်။

UI/UX photo

UI (User Interface – အသုံးပြုသူတွေ မြင်ရတဲ့အပိုင်း)

UI Design ဆိုတာ Digital Product တွေပေါ်မှာမြင်ရတဲ့ Designတွေအားလုံးကို UI Designလို့ခေါ်ပါတယ် ။

Digital product တွေထဲမှာ ကွန်ပျူတာ၊ အိမ်အသုံးအဆောင်၊ mobile devices နှင့် အခြားအီလက်ထရောနစ်ပစ္စည်းများကဲ့သို့သော စက်များနှင့် Softwareများ ပါပါတယ်။

Computer ပေါ်ကနေမြင်ရတဲ့ Software (သို့) Websiteတွေ ရဲ့ Design တွေကလည်း UI Design ပါပဲ။ ဖုန်းပေါ်မှာဆိုရင် Application မှာမြင်ရတဲ့ Designတွေကလည်း UI Designပါပဲ။

အခြား smart home , POS Deviceတွေပေါ်မှာမြင်ရတာတွေကလည်း UI Designပါပဲ။

များသောအားဖြင့်တော့ UI Designဆိုတာကို Website UI Designနဲ့ Mobile phone Application UI Design တွေပဲလို့ထင်လေ့ရှိပါတယ် ။

ပြီးတော့ UI Designမှာ user တွေ အသုံးပြုလို့ရဖို့အတွက် interaction တွေပါပါတယ်။ interactionဆိုတာ ဥပမာ — Mobile Application မှာဆိုရင် နှိပ်လို့ရတဲ့ Linkကလေးတွေ၊ buttonလေးတွေပါပါတယ်။ သူတို့ကိုနှိပ်ရင် action လေးတခုဖြစ်သွားပါတယ်။ တခြားpage ကိုသွားတာပဲဖြစ်ဖြစ် downloadချတာပဲဖြစ်ဖြစ် ကိုယ်လုပ်လိုက်လို့ တခုခုဖြစ်သွားတဲ့ action ကိုပြောချင်တာပါ။ UI Designer ဆိုတာကတော့ အ‌ ​ပေါ်ကဖော်ပြထားတဲ့ digital product တွေရဲ့ UI Designကို  အသုံးပြုသူတွေ အမြင်မှာ လှပအောင်၊ ဆွဲဆောင်မှုရှိအောင်  ပြုလုပ်ရတဲ့အပိုင်းပါ။

ဘယ်လို လှပအောင်လုပ်မလဲ ဆိုတာကတော့ အရမ်းအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ application က ဘယ်လို အမျိုးအစားလဲ၊ ဘယ်လိုအရောင်ကိုအသုံးပြုသင့်သလဲ (color theoriy ကို သိရပါတယ်)၊ တခြားပုံစံတူ application တွေကရော  ဘယ်လိုပြုလုပ်သလဲ (research လုပ်ရပါမယ်)။

ယခုအချိန်မှာ လူကြိုက်အများဆုံး theme က ဘယ် theme လဲ (research လုပ်ရပါတယ်)။ ဘယ်လို tools ကို အသုံးပြုမလဲ (မိမိအကျွမ်းကျင်ဆုံး tool ကို အသုံးပြုရပါမယ်)။

စသည့်အချက်တွေကို အခြေခံပြီး စဉ်းစားရပါမယ်။ (နောက်ထပ် စဉ်းစားရမဲ့အချက်တွေလဲ ရှိပါသေးတယ်)

 

UX (User Experience – အသုံးပြုလွယ်ကူအောင် ဖန်တီးဖြင်း)

UI Design (သို့) ဘယ် application design ကိုမဆို userတွေ သုံးတဲ့ အခါမှာ သုံးလို့ အဆင်ပြေအောင်၊ အသုံးပြုရလွယ်အောင်၊ လိုအပ်တဲ့ information အချက်အလက်တွေကို သေချာပြပေးပြီး user တွေအတွက် အခက်အခဲမရှိ‌အောင် လုပ်ဆောင်ပေးတာကို ux design လို့ခေါ်ပါတယ်။ သူက product တခုကို နောက်ကွယ်ကနေ လက်ရှိထက် အသုံးပြုလို့လွယ်အောင် ၊ ပိုကောင်းအောင် researchတွေလုပ် ၊ testingတွေအမြဲတမ်း လုပ်နေရပါတယ်။

အသုံးပြုသူ လွယ်ကူအောင် ဘယ်လိုလုပ်မလဲ ဘယ်လို application မျိုးလဲ၊  application flow က ဘယ်လိုသွားမလဲ၊ အသုံးပြုမည့် user တွေရဲ့ behavior က ဘယ်လိုဖြစ်နိုင်လဲ၊ အသုံးပြုမည့် technology က ဘယ်လောက်အထိ support ပေးနိုင်သလဲ

စသည့်အချက်တွေကို အခြေခံပြီး စဉ်းစားပြီး(နောက်ထပ် စဉ်းစားရမဲ့အချက်တွေ ရှိပါသေးတယ်) အသုံးပြုသူ လွယ်ကူအောင် ဖန်းတီးထားပေးရပါမယ်။

 

Application တစ်ခုမှာ UI,UX က ဘယ်လောက်အထိအရေးကြီးသလဲ ?

UI နဲ့ UX design မှာ မတူညီတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ အောင်မြင်တဲ့ application တစ်ခုရဖို့အတွက်  UI နဲ့ UX ဟာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အပံ့ ပေးနေဖို့ လိုအပ်ပါတယ်။ App တစ်ခုရဲ့ designဟာ မည်မျှပင် လှပနေပါစေ အသုံးပြုရမလွယ်ကူခြင်း၊ error များဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်ခဲ့ရင် အသုံးပြုသူတွေဟာ ဒီ application ကို နောက်ထပ်ဆက်လက်သုံးစွဲမှာ မဟုတ်ပါဘူး ။ အဲ့တာတွေမဖြစ်ရအောင် UI,UX ကိုကောင်းစွာ လုပ်ဆောင်သင့်ပါတယ်။သို့သော်လည်း ရာနူန်းပြည့် အောင်မြင်သည့် appဆိုတာ မရှိသည့်အတွက် app update တွေဆိုတာ ရှိနေတာပါ။ ထို့ကြောင့် မိမိ application ကို အသုံးပြုသူများရန်၊  ပိုမိုပြီး အောင်မြင်လာရန် မိမိရဲ့ application ကို users တွေ အသုံးပြုရ လွယ်ကူသလား၊ အဆင်ပြေလား ဆိုတာ အမြဲစောင့်ကြည့်ပြီး ​appကို update လုပ်ပေးချင်းဖြင့် users များ လွယ်ကူစွာ အသုံးပြုနိုင်ရန် အဆင်မပြတ် ဖန်တီးပေးနေရပါမယ်။ ထို့ကြောင့် အောင်မြင်တဲ့ application တစ်ခု ဖြစ်လာရန်အတွက် အရေးအကြီးဆုံးအပိုင်းက UI,UX ပဲဖြစ်ပါတယ်။Thetys Co.,Ltd  website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါတယ်။