GPT 5 ကို ၂၀၂၅၊ ဩဂုတ် ၇ ရက်နေ့တွင် OpenAI မှ မိတ်ဆက်ခဲ့ပြီး၊ ၎င်းသည် စာတမ်းရေးခြင်း၊ အကြံဉာဏ်ဆန်းသစ်မှု၊ အချက်အလက်သုံးသပ်ခြင်း၊ ကုဒ်ရေးခြင်း၊ တုန့်ပြန်မှုအမြန် လုပ်ငန်းများအတွက် အထူးပြုလုပ်ထားသည့် OpenAI ၏ လက်ရှိအတတ်နိုင်ဆုံး LLM (large language model) ဖြစ်ပါသည်။

OpenAI ၏ CEO ဖြစ်သူ Sam Altman က GPT မော်ဒယ်တွေ၏တိုးတက်မှုကို ပညာရေးနမူနာနဲ့ရှင်းပြပြီး GPT-3 ကို အထက်တန်းကျောင်းသားတစ်ယောက်လို (တခါတရံမှာ တော်ပေမယ့် မယုံကြည်နိုင်သော ပုံစံ), GPT-4o ကို တက္ကသိုလ်ကျောင်းသားတစ်ဦးလို (အလေးထားအသုံးပြုနိုင်သော ဖြစ်တည်မှု ), CHATGPT-5 ကိုတော့ PhD ပညာရှင်တစ်ဦးလိုမျိုး — မည်သည့်ဘာသာရပ်ကိုမဆို နက်နက်ရှိုင်းရှိုင်းနားလည်နိင်သော အဆင့်အထိ တိုးတက်လာခဲ့ကြောင်း ဖော်ပြခဲ့သည်။ 

GPT 5

GPT 5 ၏ မော်ဒယ်အမျိုးအစား (Variants) သုံးမျိုး

  1. GPT‑5

အထူးပြု reasoning (စဉ်းစား ဆင်ခြင်နိုင်မှု) နှင့် ၂၇၂,၀၀၀ token context window ဖြင့် များပြားသော coding, research, သက်တမ်းရှည်စာတမ်းများကို စွမ်းဆောင်နိုင်သည်။

  1. GPT‑5 mini

ပိုမြန်ပြီး ကုန်ကျစရိတ်နည်းသော ဗားရှင်းဖြစ်ပြီး၊ အခမဲ့သုံးစွဲသူများသည် နေ့စဉ်သုံးစွဲကန့်သတ်ချက် ပြည့်သွားလျှင် ယင်းဗားရှင်းသို့ အလိုအလျောက်ပြောင်းသုံးစွဲ နိုင်သည်။

  1. GPT‑5 nano

အမြန်ဆုံးဖြစ်ပြီး latency အနည်းဆုံးဖြစ်သော မော်ဒယ်ဖြစ်သည်။ မိုဘိုင်းနှင့် အချိန်အရေးကြီးသောနယ်ပယ်များတွင် အသုံးပြုရန် သင့်တော်ပြီး Pro, Team, Enterprise သုံးသူများအတွက် API မှတဆင့်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

 

Chatgpt-5 စွမ်းရည်များနှင့် စမ်းသပ်ချက်တွေတွင် အထူးပြောင်မြောက်မှု

GPT‑5 သည် ရိုးရိုးသုံးစွဲမှုမှ စ၍ ပညာရှင်နှင့်ဆိုင်သော လုပ်ငန်းများအထိ ပိုမိုတိကျပြီး ယခင်မော်ဒယ်များထက် ထူးခြားစွာအောင်မြင်မှုရရှိထားသည်။ အောက်ပါကဲ့သို့သော benchmark များအတွက် CHATGPT-5 ၏ စွမ်းဆောင်ရည်ဖြစ်သည်။

လုပ်ငန်းနယ်ပယ် CHATGPT-5 စွမ်းဆောင်ရည်
သင်္ချာ (AIME 2025) 94.6% (tools မသုံးဘဲ)
ကုဒ်ရေး (SWE-bench) 74.9%
ပုံများ၊ အသံ၊ စာစီခြင်း တွဲထားသော မော်ဒယ်စွမ်းရည် (MMMU) 84.2%
ကျန်းမာရေးအထူးအဆင့် (HealthBench Hard) 46.2%
ဘွဲ့လွန်အဆင့် ယူဆချက်များ (GPQA) 88.4%

 

Coding (ကုဒ်ရေးခြင်း) တွင် တိုးတက်လာမှု

GPT 5 mini games

GPT‑5 သည် ယခင် OpenAI မော်ဒယ်များထက် coding လုပ်ငန်းများတွင် ပိုမို ကောင်းမွန်သည်။ အထူးသဖြင့်—

  • Responsive web design များဖန်တီးခြင်း
  • Interactive game နှင့် app များရေးခြင်း
  • လှပသည့် UI/UX layout များဖန်တီးခြင်း (spacing, typography စသည်)

ဥပမာတစ်ခု — Prompt တစ်ခုတည်းဖြင့် Jumping Ball Runner အစရှိသော cartoon-style HTML-based game များကို ကို one page file ဖြင့် ဖန်တီးပေးနိုင်သည်။

နမူနာကြည့်ရန်: OpenAI CHATGPT-5 Showcase

Coding

စာရေးခြင်းနှင့် ဖန်တီးမှုများတွင် စွမ်းဆောင်နိုင်မှု

GPT‑5 သည် စာသားဖန်တီးမှု (creative writing) နှင့် သဘာဝကျသော စာရေးနည်းများ၌ ထူးခြားသည်။
အသုံးပြုနိုင်သည့်နယ်ပယ်များမှာ— 

  • စာအုပ်အတွဲ၊ စာတမ်းအကြမ်းရေးခြင်း 
  • နူးညံ့သော စာလုံးသံနှင့် rhythm ပါသော စာသားများဖန်တီးခြင်း 
  • Email, blog, fiction, poetry များရေးသားခြင်း 

 

စီးပွားရေးနယ်ပယ်များအတွက် စွမ်းဆောင်နိုင်မှု 

စီးပွားရေးအတွက် အသုံးဝင်သော အသုံးပြုမှုများ 

Economical

GPT‑5 သည် နည်းပညာအလုပ်အကိုင် အမျိုးအစား ၄၀ ကျော်အတွင်းမှာ အသုံးတည့်ပြီး ထူးချွန်စွာ လုပ်ဆောင်နိုင်ပါတယ်။ 

ဥပမာ 

  • ဥပဒေဆိုင်ရာ 
  • Engineering  
  • Sale and Marketing 
  • Logistics 
  • Data Analysis 

အလုပ် အများစုတွင် GPT‑5 သည် လူတွေထက်တောင် ကောင်းမွန်တဲ့ အဆင့်တစ်ခုကိုရောက်ရှိလာပြီး အဖိုးအခနဲ့ ထိုက်တန် တဲ့ AI အလုပ်ဖော်တစ်ယောက်အဖြစ် သုံးစွဲနိုင်ပါသည်။ 

 

ကျန်းမာရေး 

Health

GPT‑5 သည် ကျန်းမာရေးနယ်ပယ်အတွက် အကြီးမားဆုံး ပြောင်းလဲမှုတွေလည်း ဖြစ်လာစေပါတယ်။ အသုံးပြုသူများ အထောက်အကူပြုဖို့ အကြံဉာဏ်ပေးနိုင်ပြီး ကျန်းမာရေးအခြေအနေကို နားလည်စေရန်အတွက်ပါအသုံးဝင်ပါတယ်။ 

HealthBench (အထူးသဖြင့် ဆရာဝန်များက စစ်ဆေးပြီးသား စမ်းသပ်မှုများ) မှာ CHATGPT-5 ရဲ့ ရမှတ်သည် ယခင်မော်ဒယ်များထက် မြင့်တက်လှပါတယ်။ 

  • နောက်ထပ်မေးခွန်းတွေပေးခြင်း၊
  • အသုံးပြုသူအခြေအနေအပေါ် မူတည်ပြီး အကြံဉာဏ်များကို သင့်တော်အောင် ပြင်ဆင်ပေးခြင်း၊ 
  • ဒေသအလိုက်၊ အသိပညာအဆင့်အလိုက် တိကျသောအကြံဉာဏ်များပေးခြင်းတို့ဖြင့် ပိုမိုအသုံးတည့်စေပါတယ်။ 

သတိပြုရန် — ၎င်းသည် ဆရာဝန်တစ်ဦးအဖြစ်မဟုတ်ပါ။ သို့သော် စမ်းသပ်ခန်းရလာဒ်များနားလည်ရန်၊ ဆရာဝန်ကို မေးမယ့်မေးခွန်းများပြင်ဆင်ရန်၊ ရွေးချယ်စရာများစဉ်းစားရန် အထောက်အကူပြုနိုင်ပါတယ်။ 

 

Multimodal (စာသားမဟုတ်သော input များ) 

multi modal

GPT‑5 သည် မျက်နှာပြင်ပေါ်မှာ ရုပ်ပုံ၊ ဗီဒီယို၊ diagrams များ စသဖြင့် non-text inputs များကို ခိုင်မာစွာ လေ့လာသုံးသပ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။ 

  • ဇယားများဖော်ထုတ်ခြင်း 
  • ပြပွဲ slide များအနှစ်ချုပ်ရေးခြင်း 
  • visual ဆိုင်ရာမေးခွန်းများကို တိကျစွာ ဖြေဆိုနိုင်ခြင်း 

ဤပေါင်းစပ်စွမ်းရည်များကြောင့် GPT‑5 သည် ပိုမိုကျယ်ပြန့်တဲ့အလုပ်တွေမှာ အသုံးဝင်လာပါတယ်။ 

 

ပိုမြန်ပြီး ပိုထိရောက်သောလုပ်ဆောင်မှု 

Faster, more efficient

GPT‑5 သည် အရင်မော်ဒယ်များထက် ပိုမိုမြန်ဆန်ပြီး resource usage သက်သာစေပါတယ်။ 

  • Output token 50–80% လျှော့ချ ခြင်းဖြင့် စွမ်းဆောင်ရည်ကောင်းလာခြင်း 
  • Visual reasoning နဲ့ agent-based task တွင် ပြီးပြည့်စုံသော အတွေးအခေါ်စွမ်းရည် 

အချိန်နှောင့်နှေးမှုလျှော့ချခြင်းနှင့် လုပ်ဆောင်မှုမြန်ခြင်းတို့ကြောင့် စက်မှုလုပ်ငန်းများနှင့် စမ်းသပ်သူများအတွက် ထောက်ပံ့မှုအထူးကောင်းမွန်ပါတယ်။ GPT‑5 ကို Microsoft Azure AI supercomputers တွင် လေ့ကျင့်ထားပါတယ်။ 

 

GPT‑5 Pro: ရှုပ်ထွေးပြီး မြင့်မားသော စဉ်းစားမှုများအတွက် 

အကောင်းဆုံး စဉ်းစားမှု၊ တိကျမှန်ကန်မှုနဲ့ သဘောထားဖော်ပြမှုလိုအပ်သော အလုပ်များအတွက် OpenAI သည် GPT‑5 Pro ကို မိတ်ဆက်လိုက်ပါတယ်။ ယခင် OpenAI o3-pro ကိုအစားထိုးပြီး Parallel computing ကို အသုံးပြု၍ နားလည်မှုနက်ရှိုင်းမှုနှင့် လက်တွေ့အသုံးဝင်မှုကို တိုးတက်စေပါတယ်။ 

သက်သေပြချက်များ 

  • GPQA (ပညာရပ်အဆင့်မြင့်မေးခွန်းများ စမ်းသပ်မှု) တင်သွင်းမှုအကောင်းဆုံး ဖြစ်ခြင်း 
  • GPT‑5 Thinking မော်ဒယ်နှင့်နှိုင်းယှဉ်လျှင် အမှား 22% လျှော့ချထားပြီး 
  • မည်သည့်အဖြေကပိုကောင်းသလဲဆိုတာ prompt 1,000 ခုကျော် စမ်းသပ်ရာမှာ GPT‑5 Pro ကို ကျွမ်းကျင်သူများက 67.8% ပိုကြိုက်နှစ်သက်ကြကြောင်း  

 

GPT‑5 ကို ဘယ်လိုစတင်သုံးမလဲ? 

GPT‑5 သည် ChatGPT ထဲတွင် အခုမှစပြီး မူလမော်ဒယ်အဖြစ် အသုံးပြုလို့ရပါပြီ။ GPT‑4o, o4-mini, GPT‑4.1, GPT‑4.5 စသော မော်ဒယ်များကို အစားထိုးလိုက်ပါတယ်။ 

အဖိုးတန် reasoning လိုအပ်သည်ထက်မယ် GPT‑5 သည် အလိုအလျောက် ရွေးချယ်ပြီး အသုံးပြုပေးပါတယ်။ Pro အသုံးပြုသူများသည် “GPT‑5 Thinking” ကို မော်ဒယ်ရွေးစနစ်မှ သီးသန့်ရွေးချယ်နိုင်ပါသည်။ 

 

အသုံးပြုနိုင်မှုနှင့် ဝင်ရောက်ခွင့် 

အဆင့်  GPT‑5  GPT‑5 Pro  သုံးစွဲမှုကန့်သတ်ချက် 
Free  ✅ (အချို့သုံးနိုင်ပြီး/ အချို့ ဖြန့်ချီနေဆဲ)    အနည်းငယ် သုံးနိုင်သော်လည်း မကြာမီတိုးမြင့်လာနိုင်သည်။ 
Plus      နေ့စဉ်အသုံးများအတွက် သင့်လျော်မှုရှိ 
Pro      အကန့်အသတ်မရှိ၊ GPT‑5 Pro လည်း ပါဝင် 
Team / Enterprise / Edu      လုပ်ငန်းအတွက် high limit ဖြင့် အသုံးပြုနိုင် 

Pro, Plus, Team အသုံးပြုသူများသည် Codex CLI မှတဆင့် GPT‑5 ကိုလည်း သုံးနိုင်ပြီး coding အလုပ်အတွက် အထောက်အကူဖြစ်ပါတယ်။ 

 

ဝင်ရောက်နိုင်မှုနှင့် Ecosystem တွဲဖက်မှု 

Context  အသုံးပြုနိုင်မှု 
ChatGPT  GPT‑5 ကို default အဖြစ်သုံးထားပြီး Free/Pro အတွက် လှုပ်ရှားမှုကန့်သတ်ရှိသည်။ 
API Access  Developers များအတွက် GPT‑5 / mini / nano ကို API မှတဆင့် အသုံးပြုနိုင်သည်။ 
GitHub Copilot  GitHub Copilot preview တွင် ပါဝင်ပြီး VS Code, Web, Mobile တို့တွင် ထောက်ပံ့မှုကောင်းမွန်သည်။ 
Microsoft Products  Microsoft 365 Copilot, Azure AI Foundry စသည်ဖြင့် အသုံးပြုနိုင်သည်။ 

 

CHATGPT-5 ဘာကြောင့် အရေးကြီးသလဲ? 

CHATGPT-5 ဟာ ရိုးရိုး AI model တစ်ခုမဟုတ်ပါဘူး။ ဒါဟာ အရေးကြီးတဲ့ paradigm shift တစ်ခုပဲ ဖြစ်ပါတယ်။ CHATGPT-5 ဟာ ဖန်တီးမှုဖော်ပြနိုင်စွမ်း၊ တတ်ကျွမ်းတဲ့ ဆော့ဖ်ဝဲတိုးတက်ရေးနဲ့  အဆင့်မြင့် ဉာဏ်ရည်တုနှင့် automation စွမ်းအားတွေ ပါရှိတဲ့ တစ်ခုတည်းသော AI model တစ်ခုလည်းဖြစ်ပါတယ်။ 

သင်ဟာ chatbot တည်ဆောက်ခြင်း၊ code ရေးခြင်း၊ စာရေးခြင်း၊ ဒါမှမဟုတ် လုပ်ငန်းအဆင့်ဆင့်စီမံခန့်ခွဲခြင်းတို့ကို မည်သည့်အတွက်မဆိုလုပ်နေပါက CHATGPT-5 ဟာ သင့်ရဲ့ assistant တစ်ယောက်လိုပဲ ယုံကြည်စွာ အသုံးပြုနိုင်တဲ့ digital expert တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ 

CHATGPT-5 မှာ ဉာဏ်ရည်တု နဲ့ စဉ်းစားမှုအလွန်ခိုင်မာပြီး ဖန်တီးနိုင်စွမ်း၊ စီမံအုပ်ချုပ်မှု နည်းလမ်းအသစ်တွေနဲ့ ဂရုတစိုက်အဖြေထုတ်နိုင်စွမ်းတွေရှိပါတယ်။ ဒါကြောင့် AI assistant တစ်ခုတည်းအနေနဲ့ ယနေ့ခေတ်မှာ အသုံးချနိုင်တဲ့ စံချိန်အသစ်ကို တင်သွင်းပေးနိုင်ပါတယ်။ 

 

GPT မော်ဒယ်များနှိုင်းယှဉ်ခြင်း (GPT Model Comparison) 

GPT 5 comparison

အင်္ဂါရပ်  GPT-5  GPT-5 Mini  GPT-5 Nano  GPT-5 Chat 
ထုတ်လွှင့်သည့်နေ့  2025 ဩဂုတ်  2025 ဩဂုတ်  2025 ဩဂုတ်  2025 ဩဂုတ် 
Context Window  272,000 input / 128,000 output  128,000 tokens  64,000 tokens  64,000 tokens 
Speed Modes  Standard  Mini  Nano  Chat-optimized 
Reasoning ပါဝင်မှု  PhD-level, Long-form workflows  မြင့်  အလယ်အလတ်  Chat-based reasoning 
Coding မှန်ကန်မှု  State-of-the-art (ဥပမာ — 88% Aider)  မြင့်  ပုံမှန်–မြင့်  ပုံမှန် 
Multimodal သုံးစွဲမှု  စာသား၊ code၊ ပုံ၊ tools (API/agents)  စာသား၊ code၊ ပုံ  စာသား၊ code  စာသား၊ code၊ ပုံ 
Agent စွမ်းရည်  Tool use + memory + planning  Tool use (အခြေခံ)  မရှိ  Tool use (Chat mode) 
မိမိစိတ်ကြိုက် ပြင်ဆင်နိုင်မှု  Yes (reasoning_effort, verbosity)  အနည်းငယ်  မရှိ  မရှိ 
API အသုံးပြုနိုင်မှု         
ChatGPT Default  ✅ (Pro plan & smart routing)      ✅ (free & Pro) 
အသုံးချရန် အကောင်းဆုံး  Complex apps, agent workflows, deep reasoning  Balanced performance & cost  Low-latency, fast responses  Daily chat, Q&A, customer interaction 

GPT 5 စျေးနှုန်း (2025 August အခြေအနေ) 

အောက်ပါစျေးနှုန်းများမှာ ၁ မီလီယံ tokens အပေါ် တစ်ခုစီအတွက်ပါ။ 

Model  Input (USD)  Output (USD)  Context Window  အသုံးပြုရန် သင့်လျော်မှု 
GPT‑5 (Standard)  $0.007  $0.021  Up to 272k  အဆင့်မြင့် reasoning၊ ဖန်တီးမှု task များ 
GPT‑5 Mini  $0.004  $0.012  Up to 128k  စွမ်းဆောင်ရည်နှင့် စျေးနှုန်း အညီအမျှ 
GPT‑5 Nano  $0.0025  $0.0075  Up to 64k  အမြန်ဖြေဆိုမှု၊ နည်းလမ်းမြန်လိုသူများ 

📌 Developer များအတွက် latency, depth, verbosity ကို API မှတစ်ဆင့် ပြုပြင်နိုင်ပါတယ်။ 

 

အကျဉ်းချုပ် 

OpenAI မှ CHATGPT-5 ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ CHATGPT-5 ဟာ ယနေ့အချိန်တွင် အဆင့်အမြင့်ဆုံး AI မော်ဒယ်ဖြစ်ပြီး၊ ChatGPT မှတစ်ဆင့် အခမဲ့နှင့် အခကြေးငွေပေးသုံးသူများနှစ်ဖက်လုံးအသုံးပြုနိုင်ပါတယ်။ 

CHATGPT-5 ဟာ လုပ်ငန်းခက်ခဲမှုပေါ်မူတည်ပြီး ပြန်လည်အဖြေရှာဖွေမှုနဲ့ အမြန်ဖြေဆိုမှုတို့ကို သင့်တော်အောင် ပြောင်းလဲပေးနိုင်တဲ့ unified system ပါ။ 

၎င်းမှာ token 256,000 အထိ ပံ့ပိုးပြီး ရှုပ်ထွေးသောစာရွက်စာတမ်းများ၊ codebase များ၊ မေးခွန်းတစ်ဆင့်ခြားနားမှုများကို ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ပါတယ်။ logic, math, science, health, code generation တို့တွင် GPT-4 ထက် သာလွန်ပြီး “hallucination” အနည်းဆုံးဖြစ်အောင် ထိန်းချုပ်နိုင်ပါတယ်။ 

Pro အသုံးပြုသူများအတွက်တော့ CHATGPT-5 Pro ကို အသုံးပြုခွင့်ရမည်ဖြစ်ပြီး၊ အဆင့်မြင့်တဲ့လုပ်ငန်းခက်ခဲမှုများအတွက် ထူးခြားတဲ့ performance ကို ရရှိနိုင်ပါတယ်။ 

CHATGPT-5 ကို အသုံးပြုခွင့်ကတော့ မတူညီတဲ့ အသုံးပြုသူ tier များပေါ်မူတည်ပြီး တဖြည်းဖြည်းဖြန့်ချိသွားမှာဖြစ်ပါတယ်။ 

သင်ဟာ Microsoft Solution Partner တစ်ခုနှင့်ချိတ်ဆက်ပြီး GitHub Copilot Plan များကို License များဖြင့်ဝယ်ယူလိုပါက၊ Thetys ကို ဆက်သွယ်နိုင်ပါတယ်။ သင့်လိုအပ်ချက်အတိုင်း လမ်းညွှန်ပေးနိုင်တဲ့ Local Microsoft Partnerer တစ်ခု ဖြစ်ပါတယ်။ 

Microsoft 365 နဲ့ အခြားသော Products များအကြောင်းစိတ်ဝင်စားပါက သို့မဟုတ် ပိုမို သိရှိလိုပါက Thetys Myanmar သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။

reference website : Fusion SolutionFusion Solution Vietnam

Related Articles

Fusionsol blog in Vietnamese