ဒီနေ့ခေတ်မှာ Productivity tools တွေဟာ မရှိမဖြစ် ဖြစ်လာကြပြီး Word, Excel, PowerPoint တို့ကို အလုပ်အကိုင်မှာသာမက၊ ကျောင်းတက်သူတွေအတွက်ပါ မရှိမဖြစ်လိုအပ်လာကြပါတယ်။ အဲ့ဒီ Tool တွေကို တစ်စုတစ်စည်းတည်းအဖြစ်ရနိုင်တဲ့ Microsoft 365 subscription ဟာ လူသုံးများလာတဲ့နည်းပညာထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Free နဲ့ Paid version တွေအကြား ဘာတွေကွာခြားသလဲဆိုတာကို သိထားဖို့အရေးကြီးပါတယ်။

Free Version မှာ ပါဝင်တဲ့အရာများ
Microsoft ဟာ လူတိုင်းအတွက် အခြေခံအဆင့် Tool များကို အခမဲ့အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ အဲ့ဒီအခမဲ့ version ကို Microsoft Account တစ်ခုနဲ့ ဝင်ရောက်ပြီး Web browser မှတဆင့်သာ အသုံးပြုနိုင်ပါတယ်။
ပါဝင်တဲ့အရာများ
-
Word, Excel, PowerPoint (Web only) – Desktop version မပါဝင်ပါ။
-
OneDrive 5GB Storage – Cloud storage အနည်းငယ်ရရှိသည်။
-
Outlook.com – အခြေခံ email account တစ်ခုရရှိသည်။
-
Microsoft Teams (Basic) – အခြေခံ Meetings စီမံခန့်ခွဲမှုလုပ်နိုင်သည်။
ကန့်သတ်ချက်များ
-
Desktop version မရရှိနိုင်ခြင်း
-
Offline access မရှိခြင်း
-
Advanced features မပါဝင်ခြင်း
အကယ်၍ သင်သည် အခြေခံအသုံးပြုသူတစ်ဦးဖြစ်ပြီး တစ်ခါတစ်ရံ documents edit တာမျိုးသာလိုအပ်တယ်ဆိုရင် Free version ဟာအဆင်ပြေပါတယ်။
Paid Version ရဲ့ အားသာချက်များ
အခကြေးငွေပေးသုံးတဲ့ Microsoft 365 subscription မှာ အသုံးပြုနိုင်တဲ့ Tool များအပြင် အရည်အသွေးမြင့် Collaboration နှင့် Security Features များပါဝင်ပါတယ်။
Paid version တွင်ရရှိနိုင်သောအရာများ
-
Full Access to Desktop & Mobile Apps – Word, Excel, PowerPoint, Outlook စသည်တို့ကို Offline မှ အသုံးပြုနိုင်သည်။
-
1TB OneDrive Storage per user – Cloud backup အပြည့်အဝလုပ်နိုင်သည်။
-
Outlook with Custom Domain (Business plans only) – မိမိလုပ်ငန်းအမည်ပါဝင်သော Email domain ရနိုင်သည်။
-
Advanced Teams Features – Meeting recording, Scheduling, Group collaboration များပြုလုပ်နိုင်သည်။
-
Security & Recovery Features – Ransomware protection, File recovery, Password encryption များပါဝင်သည်။
Freelancer များနှင့် လုပ်ငန်းရှင်များအတွက် Paid version ဟာ တန်ဖိုးရှိတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။
Free နဲ့ Free Version အကြား ကွာခြားချက်များ
| Feature | Free Version | Paid Version |
|---|---|---|
| Access to Word, Excel, PowerPoint | Web only | Full Desktop & Mobile apps |
| Storage | 5GB OneDrive | 1TB OneDrive per user |
| Outlook.com | Custom domain (Business Plans) | |
| Collaboration | Limited | Real-time, Full |
| Offline Access | No | Yes |
| Advanced Security | No | Yes |
Microsoft 365 subscription ကို ဘယ်လိုရွေးချယ်သင့်လဲ?
အသုံးပြုမယ့်ရည်ရွယ်ချက်အပေါ်မူတည်ပြီး Free version လား၊ Paid version လားဆိုတာကို ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။
-
ကျောင်းသားများ၊ အခြေခံအသုံးပြုသူများ – Free version မှာ လိုအပ်တာအပြည့်အဝမရနိုင်ပေမယ့် ပုံမှန်စာရွက်တည်းဖြတ်မှုအတွက်လုံလောက်တယ်။
-
Professional/Business Users – Offline usage, Cloud backup, Team collaboration စသည်ဖြင့် Full features လိုအပ်သူများအတွက် Paid version ပဲ သင့်တော်ပါတယ်။
သင့်လုပ်ငန်းနဲ့သင့်တော်တဲ့ subscription ကို ရွေးချယ်ခြင်းက Productivity မြင့်တင်ရာမှာအရေးကြီးပါတယ်။
Microsoft 365 ရဲ့ စျေးနှုန်းနဲ့ Features တွေကို Microsoft 365 ရဲ့ တရားဝင်ဆိုက် မှာ လွယ်ကူစွာ ကြည့်ရှုနိုင်ပါတယ်။
If you are interested in or want to learn more about Microsoft 365 and other products, Thetys Myanmar You can contact us to discuss details.
reference website : Fusion Solution
