လုပ်ငန်းတိုးတက်မှုအတွက် ဝန်ထမ်းအချိန်မှတ်တမ်းတင်ခြင်းသည် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယခင်က ရိုးရာ biometric fingerprint များ၊ attendance card များကို အသုံးပြုရာတွင် ကြုံတွေ့ရသော အခက်အခဲများကြောင့် စနစ်အသစ်များကို ရှာဖွေရန်လိုအပ်လာပါသည်။ ထိုအတွက် မိုဘိုင်းအက်ပ်ဖြင့် အလွယ်တကူ အသုံးပြုနိုင်သည့် ဝန်ထမ်းအချိန်မှတ်တမ်းတင်စနစ် တစ်ခုဖြစ်သော Jarviz ကို အခမဲ့ စမ်းသုံးကြည့်ရန် အကြံပြုလိုပါတယ်။

ဝန်ထမ်းအချိန်မှတ်တမ်းတင်စနစ်

ဝန်ထမ်းတွေအချိန် ဘယ်လိုမှတ်တမ်းတင်ကြလဲ?

အများအားဖြင့် လုပ်ငန်းများတွင် ဝန်ထမ်းအချိန်မှတ်တမ်းများကို လက်ဖြင့်စာရေးခြင်း၊ biometric fingerprint စနစ်၊ attendance card စနစ်များဖြင့်မှတ်တမ်းတင်ကြသည်။
သို့သော် ထို Manual နည်းလမ်းများသည်

  • အချိန်ပိုကုန်သည်
  • မှားယွင်းမှုများဖြစ်တတ်သည်
  • အချိန်မှန်ကန်မှု စိစစ်ရန်ခက်ခဲသည်

ထို့ကြောင့် နည်းပညာအသစ်များဖြစ်သော mobile app များကို ပိုမိုအသုံးပြုလာကြသည်။

ရိုးရိုး biometric fingerprint / card နဲ့ မှတ်တမ်းတင်ရာ တွင် ဘာအခက်အခဲများရှိသလဲ?

  • မီးပျက်ခြင်းများကြောင့် attendance စနစ်အသုံးမပြုနိုင်ခြင်း
  • Fingerprint မဖတ်နိုင်ခြင်း၊ Card ပျက်ခြင်းကြောင့် error များဖြစ်တတ်ခြင်း
  • စက်ပစ္စည်းများကို နေရာတစ်နေရာထဲမှာသာတပ်ဆင်နိုင်ခြင်း
  • နည်းပညာဆိုင်ရာ Support မလုံလောက်ခြင်း
  • အလုပ်နေရာခွဲများရှိတဲ့လုပ်ငန်းများအတွက် ခက်ခဲခြင်းများ

Jarviz ဆိုတာဘာလဲ? ဘယ်လို အလွယ်တကူမှတ်တမ်းတင်နိုင်သလဲ?

Jarviz သည် iOS နှင့် Android စမတ်ဖုန်းများအတွက်ဖန်တီးထားသည့် မိုဘိုင်းအက်ပ် တစ်ခုဖြစ်ပြီး GPS နည်းပညာဖြင့် ဝန်ထမ်းအချိန်မှတ်တမ်းတင်စနစ်ကို လွယ်ကူမြန်ဆန်စွာ အကောင်အထည်ဖော်ပေးသည်။

  • ဝန်ထမ်းများသည် မိုဘိုင်းဖုန်းမှတဆင့် တိုက်ရိုက် Check-in/out ပြုလုပ်နိုင်သည်။
  • Leave Request, Petty Cash စနစ်များကိုလည်း လွယ်ကူစွာအသုံးပြုနိုင်သည်။
  • Admin များအနေဖြင့် အချိန်မှတ်တမ်းများ၊ အစီရင်ခံစာများကို တိုက်ရိုက်ကြည့်ရှုနိုင်သည်။

Jarviz ရဲ့ Features များ

အင်္ဂါရပ် Description
GPS Check-in/out ဝန်ထမ်းတည်နေရာအတိအကျမှတ်တမ်းတင်ခြင်း
Leave Management ခွင့်တောင်းခြင်းများ စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း
Petty Cash ငွေသုံးစာရင်းများ တင်သွင်းနိုင်ခြင်း
Internal Announcement ကြေညာချက်များ ပေးပို့နိုင်ခြင်း
Report Export Excel/PDF စာရွက်များ ထုတ်ယူနိုင်ခြင်း
Multi-language Support မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်ဘာသာစကားများ
Data Security Microsoft Azure Defender ကာကွယ်မှု

Jarviz ကို အခမဲ့ ဘယ်လို အသုံးပြုမလဲ?

Jarviz App ကို Android Play Store နှင့် Apple App Store မှ အခမဲ့ ဒေါင်းလုပ်ဆွဲနိုင်ပြီး၊

  • စီမံခန့်ခွဲသူ Admin အနေဖြင့် အကောင့်ဖွင့်ပါ။

  • ဝန်ထမ်းများအတွက် Dashboard တွင် အကောင့်ဖွင့်ပါ။
  • ဝန်ထမ်းများသည် ဖုန်းမှတစ်ဆင့် check in/ out ပြုလုပ်နိုင်ခြင်းနှင့် ခွင့်ယူရန် request တင်နိုင်ခြင်း
  • Free Plan တွင် ဝန်ထမ်း ၃ ယောက်အထိ အခမဲ့ အသုံးပြုခွင့်ရှိပါသည်။
  • လုပ်ငန်းအရွယ်အစားကြီးမားလာပါက Premium Plan ကို ရွေးချယ်၍ အသုံးပြုနိုင်ပါသည်။

Conclusion

ဝန်ထမ်းအချိန်မှတ်တမ်းတင်စနစ် က human resource နှင့် အလုပ်ထိရောက်မှု တိုးတက်စေတဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်သည်။ Jarviz မိုဘိုင်းအက်ပ်ဖြင့် အခမဲ့ စမ်းသုံးခြင်းသည် လုပ်ငန်းများအတွက် စတင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး၊ လွယ်ကူမြန်ဆန်တဲ့ attendance စနစ်တစ်ခုဖြစ်ပါသည်။

ယနေ့တင် အရည်အသွေးမြင့် တိကျမှုရှိသော အချိန်မှတ်တမ်းတင်စနစ်ကို စမ်းသုံးလိုက်ပါ။

If you are interested in or want to learn more about Microsoft 365 and other products, Thetys Myanmar You can contact us to discuss details.

reference website : Fusion Solution, Fusion Solution Vietnam

Related Articles