လက်ရှိခေတ် လုပ်ငန်းခွင် ဆက်သွယ်ရေးတွေမှာ ဗီဒီယို ဖန်တီးအသုံးပြုမှုဟာ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ကုမ္ပဏီတွင်း Update ပေးတာတွေ၊ ဝန်ထမ်းသင်တန်း (Training) ပေးတာ၊ Project တင်ပြတာတွေကနေစလို့ Customer တွေဆီ ချပြမယ့် Content တွေအထိ… ဗီဒီယိုတည်းဖြတ်တဲ့ ကျွမ်းကျင်မှု (Professional Skill) မရှိဘဲနဲ့ အရည်အသွေးမြင့် ဗီဒီယိုတွေကို အမြန်ဆုံး ထုတ်လုပ်နိုင်မယ့် နည်းလမ်းတွေကို လုပ်ငန်းအဖွဲ့အစည်းတွေက အမြဲရှာဖွေနေကြတာပါ။
Google Vids စတင်မိတ်ဆက်စဉ်ကတည်းက AI အသုံးပြုပြီး Storyboard တွေဆွဲပေးတာ၊ Stock Footage တွေ ရှာပေးတာနဲ့ စာသား (Text-based Prompt) ရိုက်ရုံနဲ့ ဗီဒီယို Draft တွေ ဖန်တီးပေးတာမျိုးတွေကြောင့် အသုံးပြုသူတွေကို အများကြီး အဆင်ပြေစေခဲ့ပါတယ်။ ဒါပေမဲ့ ပိုပြီး Advanced ကျတဲ့ ဗီဒီယိုတွေ ဖန်တီးချင်သူတွေအတွက်တော့ အယူအဆအသစ်တွေ ထပ်ဖန်တီးတာ၊ ဗီဒီယိုကို ပိုမိုကောင်းမွန်အောင် ပြန်ပြင်တာမျိုးတွေမှာ ကန့်သတ်ချက်တချို့ ရှိနေဆဲ ဖြစ်ပါတယ်။
အခုအခါမှာတော့ Google က ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် ၎င်းတို့ရဲ့ အဆင့်မြင့်ဆုံး ဗီဒီယိုထုတ်လုပ်ရေး နည်းပညာဖြစ်တဲ့ Veo ကို သုံးပြီး Google Vids ကို အကြီးစား Upgrade ပြုလုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Google Vids ဆိုတာ ဘာလဲ?
Google Vids ဆိုတာ Google Workspace ထဲမှာတင် ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဗီဒီယိုတွေကို မြန်မြန်ဆန်ဆန် ဖန်တီးနိုင်အောင် ကူညီပေးတဲ့ AI အခြေပြု Video Editing Tool တစ်ခု ဖြစ်ပါတယ်။
ရိုးရှင်းတဲ့ Prompt (ညွှန်ကြားချက်) လေးတွေ ရိုက်ထည့်လိုက်ရုံနဲ့ Storyboard တွေ ထွက်လာမယ်၊ ဗီဒီယို Draft တွေ ဖန်တီးပေးမယ်၊ မီဒီယာတွေကို အလိုအလျောက် ထည့်သွင်းပေးမယ့်အပြင် မတူညီတဲ့ ပရိသတ်တွေအတွက် ဘာသာပြန် Localization ပါ လုပ်ပေးနိုင်ပါတယ်။ ဗီဒီယိုတည်းဖြတ်ခြင်း အတွေ့အကြုံ မရှိသူတွေတောင် လွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။
အခု Veo နည်းပညာပါ ထပ်မံပေါင်းစပ်လိုက်ပြီဆိုတော့ Content Creator တွေနဲ့ စီးပွားရေးလုပ်ငန်းသုံးသူတွေအတွက် Google Vids ဟာ ပိုပြီးတော့ အစွမ်းထက်လာမှာ သေချာပါတယ်။

ထူးခြားလာမည့် အဓိက Feature အသစ်များ
ဗီဒီယိုကလစ်အမြောက်အမြားကို တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခြင်း (Generate Multiple Video Clips Simultaneously)
ဒါကတော့ အမိုက်ဆုံး ပြောင်းလဲမှုတစ်ခုပါ။ အရင်ကဆိုရင် ဗီဒီယိုတစ်ခုချင်းစီကို တစ်ခုပြီးမှတစ်ခု (One by One) စောင့်ပြီး ဖန်တီးခဲ့ရတာပါ။ အိုင်ဒီယာအသစ်တွေ၊ အမြင်အာရုံစတိုင် (Visual Style) အသစ်တွေကို စမ်းသပ်ချင်ရင် ပထမ Request ပြီးအောင် စောင့်၊ ပြီးမှ နောက်တစ်ခု ထပ်လုပ်နဲ့ အချိန်ကုန်လူပင်ပန်း ဖြစ်စေပါတယ်။ ဒီ Upgrade အသစ်ကတော့ အဲဒီပိတ်ဆို့မှုကို ဖြိုဖျက်လိုက်ပါပြီ။
ယခုအခါ အသုံးပြုသူတွေအနေနဲ့ Prompt အမြောက်အမြားကို တစ်ပြိုင်နက်တည်း ပေးပို့နိုင်ပြီး Google Vids ကနေ ပုံစံကွဲ ဗီဒီယိုအမျိုးမျိုးကို အပြိုင်အဆိုင် (Parallel) ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ မိမိ Project အတွက် ဘယ်ဗီဒီယိုစတိုင်က အကောင်းဆုံးလဲဆိုတာ အလွယ်တကူ နှိုင်းယှဉ်ရွေးချယ်နိုင်တော့မှာမို့ Deadline ကြပ်နေတဲ့ Team တွေအတွက် အချိန်ကုန် သက်သာစေမှာပါ။
ဗီဒီယိုကို ပိုရှည်အောင် လုပ်ပေးနိုင်မည့် Veo-Powered Clip Extension
နောက်ထပ် လန်းတဲ့ Feature တစ်ခုကတော့ ရှိပြီးသား ဗီဒီယိုကလစ်တွေကို Veo နည်းပညာသုံးပြီး ပိုရှည်အောင် တိုးချဲ့ (Extend) လိုက်နိုင်တာပါပဲ။ အခန်းတစ်ခုချင်းစီကို သီးခြားစီဖန်တီးပြီးမှ လက်နဲ့လိုက်ဆက်နေစရာမလိုဘဲ “ ဒီဗီဒီယိုကိုပဲ ဆက်ပြီး တိုးချဲ့ပေးပါ” လို့ AI ကို ခိုင်းရုံပါပဲ။ Veo က လက်ရှိရှိနေတဲ့ Footage ရဲ့ အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီး အောက်ပါအချက်တွေကို ကောင်းကောင်းထိန်းသိမ်းပေးသွားမှာ ဖြစ်ပါတယ်
- ဇာတ်ကောင် (Character) ၏ ပုံပန်းသဏ္ဍာန် မပြောင်းလဲခြင်း
- ဇာတ်ကွက် စီးဆင်းမှု (Scene Continuity) အဆက်အစပ်မိခြင်း
- ဗီဒီယို၏ Visual Style တစ်သမတ်တည်းဖြစ်ခြင်း
- ပုံပြောခြင်းအနုပညာ (Storytelling Flow) ချောမွေ့ခြင်း
ရလဒ်အနေနဲ့ ပွဲထွက်လာမည့် ဗီဒီယိုရှည်ကြီးတွေဟာ တစ်ဆက်တည်းဖြစ်ပြီး ပိုမိုသဘာဝကျကျနဲ့ ချောချောမွေ့မွေ့ ဖြစ်လာမှာ ဖြစ်ပါတယ်။
Content Creator တွေအတွက် ဒါက ဘာကြောင့် အရေးကြီးတာလဲ?
ဗီဒီယိုဖန်တီးမှုဆိုတာ အမြဲတမ်း စမ်းသပ်ပြင်ဆင်နေရတဲ့ အလုပ်ပါ။ အသင်းအဖွဲ့တွေဟာ ဘယ်လမ်းကြောင်းကို သွားမလဲဆိုတာ မဆုံးဖြတ်ခင် အိုင်ဒီယာတစ်ခုတည်းကိုပဲ ပုံစံမျိုးစုံ ထုတ်ကြည့်လေ့ရှိပါတယ်။ အပြိုင်အဆိုင် ဗီဒီယိုထုတ်လုပ်ပေးနိုင်တဲ့စနစ်ကြောင့် အသုံးပြုသူတွေအနေနဲ့
- ဖန်တီးမှုဆိုင်ရာ အိုင်ဒီယာအသစ်တွေကို ပိုမိုမြန်ဆန်စွာ စမ်းသပ်နိုင်ခြင်း
- Visual Style အမျိုးမျိုးကို တစ်ပြိုင်နက် နှိုင်းယှဉ်နိုင်ခြင်း
- ဗီဒီယိုပြင်ဆင်ချိန် စောင့်ဆိုင်းရမှုကို လျှော့ချနိုင်ခြင်း
- ထုတ်လုပ်မှုစွမ်းရည် (Production Efficiency) ကို မြှင့်တင်နိုင်ခြင်း
ဒါ့အပြင် ကလစ်တွေကို တိုးချဲ့ပေးနိုင်တဲ့စွမ်းရည်ကြောင့် လူကိုယ်တိုင် လိုက်ပြင်ရတဲ့ manual အလုပ်တွေကို လျှော့ချပေးပြီး ဗီဒီယိုရှည်တွေမှာလည်း ဇာတ်လမ်းအဆက်အစပ်ကို တစ်သမတ်တည်း ဖြစ်စေပါတယ်။
ဖြန့်ချိမှုနှင့် အသုံးပြုနိုင်မည့် အကောင့်များ (Availability & Rollout)
Google ဟာ ဒီ Upgrade တွေကို Google Vids Web Application ထဲမှာ တိုက်ရိုက် ထည့်သွင်းပေးနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Admin တွေအနေနဲ့ ထွေထွေထူးထူး Setting ပြင်ဆင်နေစရာ မလိုပါဘူး။ ဒီ Feature အသစ်တွေကို အောက်ပါအကောင့် အမျိုးအစားအားလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်
- Google Workspace Business plans & Enterprise plans
- Education editions & Nonprofit editions
- Personal Google accounts (ကိုယ်ပိုင် Google အကောင့်များ)
- Google AI Pro & Google AI Ultra subscribers
အထူးခံစားခွင့်: AI Expanded Access လိုင်စင် ဝယ်ယူထားတဲ့ အဖွဲ့အစည်းတွေအတွက် ဗီဒီယိုတွေကို တစ်ပြိုင်နက် ထုတ်လုပ်ရာမှာ ပိုမိုမြန်ဆန်တဲ့ Priority Limits (ဦးစားပေးအဆင့်) တွေကို ရရှိမှာ ဖြစ်ပါတယ်။ Marketing ဗီဒီယိုတွေ၊ ဝန်ထမ်းသင်တန်း ဗီဒီယိုတွေကို အမြောက်အမြား ထုတ်လုပ်ရတဲ့ လုပ်ငန်းခွင်တွေအတွက်တော့ ကုန်ထုတ်စွမ်းအားကို သိသိသာသာ မြင့်တက်စေမှာပါ။
Conclusion
အခုနောက်ဆုံးထွက်ရှိတဲ့ Veo-powered Upgrade ဟာ Google Vids ကို ပိုမိုစွမ်းဆောင်ရည်မြင့်မားပြီး ထိရောက်တဲ့ ဗီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆရာ/ဆရာမတွေ၊ Marketer တွေနဲ့ Content Creator တွေအတွက်တော့ ဒီပြောင်းလဲမှုဟာ အိုင်ဒီယာတွေကို ပိုမိုမြန်ဆန်စွာ စမ်းသပ်နိုင်မယ့် အခွင့်အရေးပါပဲ။ AI နည်းပညာ တိုးတက်လာတာနဲ့အမျှ Google Vids ဟာ ခေတ်သစ် Content ဖန်တီးမှုလောကမှာ မရှိမဖြစ် အဖိုးတန်တဲ့ Collaborative Tool (ပူးပေါင်းဆောင်ရွက်ရေးကိရိယာ) တစ်ခု ဖြစ်လာတော့မှာ အသေအချာပါပဲ။
If you are interested in or want to learn more about Microsoft 365 and other products, Thetys Myanmar You can contact us to discuss details.
reference website : Fusion Solution, Fusion Solution Vietnam
Related Articles
- AI Prediction: AI နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားကို တကယ်ပဲ ခန့်မှန်းနိုင်မလား?
- Microsoft 365 Business with Copilot plan – SMB လုပ်ငန်းများအတွက် Plan သစ်တစ်ခု
- Google NotebookLM: AI-Powered Research Partner
- WordPress 7.0 update မှာ ပါဝင်လာတဲ့ AI Client Framework အသစ်
- Personal Finance Experience: ChatGPT ရဲ့ AI-Powered Money Management Feature အသစ်
- Copilot video Creation: AI နဲ့ professional presentation video ဘယ်လိုဖန်တီးမလဲ
Fusionsol blog in Thai
- Microsoft 365 คืออะไร?
- What is Azure AI Foundry Labs?
- Power BI Free Plan: A Deep Dive into Microsoft’s BI Solution
- Fusion Solution – Migrating Email to Microsoft 365
